ဆေးတက္ကသိုလ်
(၂) ရန်ကုန်အား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်
၂၀၁၂-၂၀၁၃ပညာသင်နှစ်တွင်တစ်နိုင်ငံလုံးရှိ
ဆေးတက္ကသိုလ်ဝင်ခွင့် ကျောင်းသားကျောင်းသူ ဦးရေကို ယခင်နှစ်များထက် ထက်ဝက်နီးပါး လျော့ခဲ့ပြီး
ယင်းကဲ့သို့ လျော့ချမှုသည် ရေတိုစီမံချက်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။
ယင်းပြောကြားချက်ကို ဖေဖော်ဝါရီလ၂ ရက်နေ့က ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ နှစ် (၅၀) ပြည့် ရွှေရတုသဘင် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ဆေးပညာသင်ကြားရေးမှာ အရည်အသွေး တိုးတက်လာစေဖို့အတွက် ဆေးတက္ကသိုလ် လေးခုကို ကျောင်းသားဦးရေ ၂၄၀၀ လက်ခံရာကနေ ၁၂၀၀ အထိ လျော့ချခဲ့ကြောင်း၊ ဒါသည် ရေတိုစီမံချက်သာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တိုးတက်လာတဲ့လူဦးရေအရ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်သည့် အတွက် ပြန်လည်ဝင်လာမယ့်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် ဆရာဝန်ဦးရေမှာ တစ်နှစ်ကို ၂၄၀၀ နှင့်အထက် လိုအပ်ကြောင်း၊ သို့သော် ဆေးကျောင်းသား ၂၄၀၀ ကို ဆေးတက္ကသိုလ် ၁၀ ခု သို့မဟုတ် ၂၀ ခုလောက်က မွေးထုတ်ပေးနိုင်မယ် ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဆေးကျောင်းလေးကျောင်းမှ ကျောင်းသားဦးရေ ၂၄၀၀ ဆိုပါက တစ်ကျောင်းကို ၆၀၀ နှုန်း ဖြစ်နေသည့်အတွက် အရည်အသွေး လျော့သည့်ဘက်သို့ အနည်းငယ်ရောက်နေကြောင်း၊ ကျောင်းသားဦးရေ ၂၄၀၀ ကို ဆက်လက်မွေးထုတ်နိုင်ဖို့အတွ
ထို့အပြင် နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကျောင်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်းနှင့် ဆေးပညာသင်ကြားရေးတွင် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာ အဆင့်မီနိုင်စေရန်အတွက် သင်ရိုးညွှန်းတမ်းများကိုလည်
ထို့နောက် မြန်မာနိုင်ငံ မြန်မာလူမျိုး၏ အဓိက ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့်
Eleven
No comments:
Post a Comment