ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းမှာရှိတဲ့
Solomon ကျွန်းစုတွေမှာ ပြင်းအားအဆင့် ၈ ရှိတဲ့ အားပြင်းတဲ့ ငလျင် လှုပ်ခတ်မှုကြောင့်
မြို့ရွာအတော်များများ ပျက်စီးခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့်
ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အခုတော့ ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ပစိဖိတ်ဒေသ ဆူနာမီ သတိပေးရေး ဗဟိုဌာနကတော့ ပါပူဝါ၊ နယူးဂီနီနဲ့ ဖီဂျီ အပါအ၀င် Solomon ကျွန်းစုတွေ ရှိရာဒေသတွင်း ၃ ပေလောက်အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းတွေ ရိုက်ခတ်နိုင်သလို ငလျင် ဗဟိုချက် တ၀ိုက် ကမ်းရိုးတန်းဒေသတွေမှာ ပျက်စီးမှုများမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ Solomon ကျွန်းစုတွေအတွက် သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီး ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းဒေသ တခုလုံးအတွက် သတိပေးခဲ့ပါတယ်။အမေရိကန် ဘူမိစူးစမ်းရှာဖွေရေး USGS က ထုတ်ပြန်ချက်ထဲမှာတော့ Solomon ကျွန်းစုအနီး ရေအောက် ၃ မိုင်ခွဲအနက်မှာ စတင်လှုပ်ခတ်တဲ့ ငလျင်ဟာ ပြင်းအား အဆင့် ၈ ရှိပြီး နောက်ဆက်တွဲ လှုပ်ခတ်တဲ့ ငလျင်တွေကတော့ ပြင်းအား ၆ ဒဿမ ၄ ကနေ ၆ ဒဿမ ၆ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Solomon ကျွန်းစုတွေဟာ ငလျင်ရပ်ဝန်းထဲမှာ တည်ရှိနေပြီး ငလျင်လှုပ်ခတ်မှုတွေ၊ မီးတောင် ပေါက်ကွဲမှုတွေကို မကြာခဏ ကြုံတွေ့ရတဲ့ ဒေသဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဧပြီလထဲ Solomon ကျွန်းစု အနောက်ပိုင်းဒေသမှာ ပြင်းအား ၈ ဒဿမ ငလျင်လှုပ်ခတ်ခဲ့တုန်းက သေဆုံးသူ ၅၀ ကျော် ရှိခဲ့ပါတယ်။
No comments:
Post a Comment