07 February, 2013

တရုတ်လက်ဖက်များ တရားမဝင် ဝင်ရောက်နေ(ရုပ်သံသတင်း) ...



တရုတ်နိုင်ငံက တရားမဝင် ရောက်ရှိလာတဲ့ လက်ဖက် တွေကြောင့် မြန်မာနိုင်ငံက လက်ဖက် စိုက်ပျိုး ထုတ်လုပ်နေတဲ့ပလောင် ဒေသခံတွေမှာ     အခက်တွေ့ နေကြတယ်လို့ ဒီကနေ့ နံနက် ၉း၃၀ နာရီကနေ ၁၂း၃၀ နာရီအထိရန်ကုန်မြို့ UMFCCI မှာပြုလုပ်တဲ့ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်း ယာယီဖွဲ့စည်းခြင်း
အခမ်းအနားမှာ ဒေသခံ လက်ဖက် စိုက်ပျိုးသူ တောင်သူတစ်ဦး က ပြောဆိုသွားပါတယ်။
အခုလို ပြင်ပ နိုင်ငံတွေရဲ့ လက်ဖက်ဈေးကွက် ထိုးဖောက် လာမှုကြောင့်ပဲ အရင်က လက်ဖက်စိုက်ပျိုး လုပ်ကိုင်နေကြတဲ့
ပလောင်တောင်သူတွေဟာ အခုဆို အလုပ်လက်မဲ့တွေဖြစ်နေကြတယ်လို့ သိရပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ မီရိုးဗလာ အလုပ်အကိုင်ဖြစ်တဲ့ ဒီလက်ဖက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ဖို့နဲ့ပြည်တွင်းပြည်ပကနည်းပညာတွေအကူအညီတွေ    ရယူနိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၆ ချက်အပေါ်မှာ ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်းကို ယာယီအနေနဲ့ စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။



No comments:

Post a Comment