27 January, 2013

နားလည်မှုနဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေး နှင့် အချစ်က ထမင်းစားလို့မရဘူး ဆိုတဲ့ သဇင် စီးရီးသစ်ထွက်ရန်ပြင်ဆင် ..


အိမ်ထောင်ကျသွားပြီးနောက် အနုပညာလှုပ်ရှားမှုတွေ  သိပ်မတွေ့ရတော့တဲ့ သဇင်က လက်ရှိအချိန်မှာ သူမရဲ့ တစ်ကိုယ်တော် သီချင်းခွေ အတွက် ပြင်ဆင်မှုတွေလုပ်နေပါပြီ။ အရင်က သဇင် ကိုယ်တိုင်ဝယ်ယူစုဆောင်းထားတဲ့ သီချင်း ၁၂ ပုဒ်ပါဝင်မှာဖြစ်ပြီး စီးရီးနာမည်ကိုတော့ ခုချိန်ထိ မစဉ်းစားရသေးဘူးလို့ သိရပါတယ်။ ပရိသတ်တွေနဲ့ ခဏတာဝေးကွာခဲ့တာကြောင့် သူမရဲ့အခွေကို မြန်မာပြည်က ပရိသတ်တွေ ရဲ့ လက်ထဲကို အမြန်ဆုံးထည့်နိုင်အောင် ကြိုးစားနေပါတယ်လို့လည်း သူမကပြောထားပါသေးတယ်။ အွန်လိုင်းမှ ဗွီဒီယိုဖိုင်ကြောင့် ဂျာနယ်များရဲ့မျက်နှာဖုံးမှာတပ်ပြီးဖေါ်ပြခဲ့ဖူးတဲ့ သရုပ်ဆောင် အဆိုတော် သဇင်ကို ပရိသတ်တွေကလည်း သူတို့ရဲ့ အိမ်ထောင်ရေးကို စိတ်ပူခဲ့ကြပေမယ့် သူမက " အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားပြောင်လဲသွားတာမျိုးမရှိပါဘူး.." လို့လည်းပြောဆိုထားပါသေးတယ်။ သီချင်းနဲ့ပတ်သက်လို့လည်း " အရင်တစ်ယောက်တည်းလုပ်ကိုင်ခဲ့ရတာကြောင့် အိမ်ထောင်ကျသွားတဲ့အခါ တိုင်ပင်ဖေါ်တိုင်ဖက်ရနေပြီး အမျိုးသားဖြစ်သူကလည်း ထိန်းချုပ်တက်တဲ့သူမဟုတ်တော့ နေရာတကာ စိတ်တိုင်းကျ နေလို့မရတာကလွဲပြီး အားလုံးအဆင်ပြေပါတယ်" လို့ သဇင်ကပြောပါတယ်။ အိမ်ထောင်ရေးမှာ နားလည်မှုလိုအပ်သလို အချစ်မပါလို့လည်း မဖြစ်ဘူးလို့ သဇင်ကဆိုပါတယ်။ အချစ်တစ်ခုတည်းနဲ့လည်း ထမင်းစားလို့မရပြန်တာကြောင့်အချစ်နဲ့အတူနားလည်မှုထားနိုင်ဖို့လိုအပ်တယ်ဆိုပြီး သူမရဲ့အချစ်ဒဿနကိုလည်းပြောပြခဲ့ပါတယ်။

No comments:

Post a Comment