27 January, 2013

ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့ အား ဘုရားဈေးသူဈေးသားများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထပ်မံတိုင်ကြား ..


ဗိုလ်တစ်ထောင်ဘုရား ဂေါပကအဖွဲ့သည် စည်းကမ်းပိုင်းဆိုင်ရာ အားနည်း ပျက်ကွက်နေခြင်းနှင့်ဘုရားဈေးသားများ၏ နစ်နာမှု များအား ဖြေရှင်းပေးရန်
ဈေးသူဈေးသားများက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။
`ပထမအကြိမ် နိုဝင်ဘာ ၁၆ ရက်မှာ တိုင်ကြားလို့ ခေါ်ယူစစ်ဆေးခဲ့ပေမယ့်
အခုအချိန်အထိတစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိလို့ ထပ်တိုင်တာပါ´ဟုဆိုင်အမှတ် ၇ မှ ပန်းသည် မကျေးကျော်စံက ပြောသည်။
ဗိုလ်တစ်ထောင်ဘုရား၌ ရောင်းချလျက်ရှိသောဈေးသည်များသည် ဆိုင်ခန်းခ လေလံနှုန်းများတစ်နှစ်ထက်တစ်နှစ် ကြီးမြင့်လာခြင်း၊ ဈေးသည်များ၏ အခက်အခဲတို့ကိုဂေါပကအဖွဲ့နှင့် ဆွေးနွေးခဲ့ပြီး
သဘောတူညီချက်များ ရရှိခဲ့သော်လည်းအကောင်အထည်မဖော်ခဲ့သဖြင့် ထပ်မံတောင်းဆိုရကြောင်း ဆက်ပြောသည်။

  Popular

No comments:

Post a Comment