30 January, 2013

နိုင်ကျဉ်းတစ်ဦးကို လက်ရောက်စော်ကားသူနှင့် ရဲအရာရှိ ရုံးချိန်းကို ပေါ်မလာ(ရုပ်သံသတင်း)...


နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ သံဃာတော်တွေကို ကာကွယ်ပေးတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသူဟောင်း မဖြူကို လူ ၃ယောက်က ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အမှု ဇန်နဝါရီ ၂၉ရက်နေ့မှာ စစ်...ဆေးဖို့ တရားရုံးမှာ ချိန်းဆိုထားပေမယ့် တာဝန်ရှိတဲ့သူတွေ ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်နေ့က ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းမှာ မဖြူက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန် ကိုသန်းရွှေနဲ့ နောက်ထပ် နှစ်ယောက်က မဖြူရဲ့မျက်နှာကို ဖိနပ်နဲ့ရိုက်ပြီး အကျီကိုဆွဲဖြဲခဲ့တာမို့ ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ ရဲစခန်းကို ကိုသန်းရွှေက ကြိုတင်ရောက်ရှိပြီး လီဆယ်ပြီး အမှုဖွင့်ထားခဲ့တယ်လို့ မဖြူက ပြောပါတယ်။
 Kamayut Media

No comments:

Post a Comment