30 January, 2013

မျက်နှာအသေးစားခွဲစိတ်ထားလို့ အလုပ်တွေနားထားတဲ့ ထွန်းအိန္ဒြာဗို ...


သရုပ်ဆောင်အဆိုတော် ထွန်းအိန္ဒြာဗိုသည် မျက်နှာပိုင်းဆိုင်ရာ အသေးစားခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းကြောင့် ရိုက်ကူးရေးများကို ဇန်န၀ါရီလကုန်အထိ ရပ်နားထားလိုက်ကြောင်း ထွန်းအိန္ဒြာဗိုကပြောသည်။
ထွန်းအိန္ဒြာဗိုသည် ဇန်န၀ါရီလ ၉ ရက် နေ့လယ်ပိုင်းက Asia Pacific အလှအပနှင့် ကျန်းမာရေးစင်တာတွင် အောက်ဘက်မျက်ခမ်းစပ်ရှိ မျက်အိတ်ဖောင်းနေခြင်းကြောင့် ခွဲစိတ်ခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ထားသည့်ဒဏ်ကြောင့် မျက်နှာမှာရောင်ကိုင်းနေပြီး မိတ်ကပ်လိမ်းရန် အဆင်မပြေသောကြောင့် အနုပညာအလုပ်များကို ဇန်န၀ါရီလကုန်အထိ ရပ်နားထားကြောင်း ထွန်းအိန္ဒြာဗိုကပြောသည်။
“ဒီလကုန်ထိနားပြီး ဖေဖော်ဝါရီ ၂ ရက်မှာ “Ten Lady ဖျော်ဖြေပွဲ”နဲ့ အနုပညာအလုပ် ပြန်စလုပ်မယ်။ ကားရိုက်က မတ်လ ၂၀ မှာ အောင်ရဲလင်းနဲ့ပြန်စမယ်”ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် အမျိုးသမီး ၁၀ ဦး ဖျော်ဖြေပွဲ၌ တေးရေးမေသော်၏ တေးသီချင်းအသစ်သုံးပုဒ်ဖြင့် သီဆိုမည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲမှာ တေးရေးမေသော်၏ တေးသီချင်းများကို စုစည်း၍ အမျိုးသမီးအဆိုတော် ၁၀ ဦး ပါဝင်သီဆိုကြမည့်ပွဲဖြစ်ကြောင်း သတင်းရရှိသည်။


teashoptalk

No comments:

Post a Comment