26 January, 2013

နှင်းဆီအငြိမ့် မှ ရဲလေး အပြီးနှုတ်ထွက်ပြီ ...


နှင်းဆီအငြိမ့် အဖွဲ့သားတစ်ဦးဖြစ်တဲ့ ရဲလေးက '' ခရီးသွားနှင်းဆီ'' အစီအစဉ် မှာမပါဝင်တော့တဲ့ကိစ္စနဲ့ပတ်သက်ပြီး '' ထာဝရနှင်းဆီ '' ပြီးကတည်းက နားချင်တဲ့စိတ် တစ်ဝက်လောက် ရှိနေတဲ့အပြင် နားသင့်တဲ့အချိန်ရောက်ပြီလို့ ယူဆခဲ့တာကြောင့် လူရွှင်တော် ရဲလေး ဘ၀ ကိုတစ်ခန်းရပ် ခဲ့တာပါလို့ သူကိုယ်တိုင်ရှင်းပြခဲ့ပါတယ်။ ရဲလေး ပါဝင်တဲ့ နှင်းဆီ အဖွဲ့ကြောင့် ပရိသတ်တွေ ပျော်ရွှင်ခဲ့တယ်။ ကြည်နူးခဲ့တယ်။ နိုင်ငံရေးကိစ္စတွေကြောင့် ရခိုင်အရေးကိစ္စဖြစ်လာတော့လည်း ရဲလေးတို့အဖွဲ့က ရန်ပုံငွေ သိန်း ငါးထောင် ကျော်ရှာပေးနိုင်ခဲ့ပါတယ်။
သူငယ်ချင်းတွေကို နားချင်တဲ့အကြောင်းပြောခဲ့တဲ့ ရဲလေးက အောင်မြင်စွာနဲ့ရပ်နားလိုက်တာပါ။ ရဲလေးအတွက် လုပ်စရာတွေအများကြီးရှိနေပါတယ်။ သီချင်းခွေနဲ့ Double Black  အတွက် လုပ်စရာတွေရှိနေတယ်။ အငြိမ့်ကပြီးရန်ပုံငွေတွေ ရှာမပေးနိုင်တော့ပေမယ့် သူတက်ထားတဲ့ အတက်ပညာတွေ၊ သီချင်းတွေနဲ့ ရံပုံငွေရှာနိုင်သေးတာကြောင့် အရှုံးမရှိဘူးလို့လည်း ရဲလေးက ပြောပါတယ်။
         နှင်းဆီအဖွဲ့မှာ မပါဖြစ်တော့တဲ့အကြောင်းကို ဒါရိုက်တာ ဦးမျိုးမင်းကိုတောင် အဖေဖြစ်သူဆေးရုံတက်နေတဲ့ကစ္စနဲ့ " ရကောက်ဘ၀ဖြင့်နေထိုင်ခြင်း"စီးရီးအတွက်လုံးပမ်းနေရတာကြောင့်မပြော    ဖြစ်သေးပါဘူး။ နှင်းဆီအဖွဲ့မှာ မပါတော့ပေမယ့် ရဲလေး အနေနဲ့နှင်းဆီအဖွဲ့သားတွေကို လက်ခုပ်တီးပြီး အမြဲအားပေးနေမယ်လို့ သိရပါတယ်။
ရဲလေးအနေနဲ့ ဆုံးဖြတ်ပြီးသားကိစ္စကို ဘယ်လိုအကြောင်းနဲ့မှ ပြန်ပြင်မှာ မဟုတ်တော့ပါဘူး။
              ရဲလေးက "  ဦးမျိုးမင်း အထင်လွဲမယ်ဆိုရင် လည်းဖြေရှင်းမှာ မဟုတ်ပါဘူး ကျွန်တော့်ရဲ့လွတ်လပ် ခွင့်ကို ကျွန်တော်ပိုင်တယ်။ ကျွန်တော်မရှိလည်း နှင်းဆီအဖွဲ့က ဆက်လုပ်သွားမှာပါ။ သူတို့တွေ အကောင်းဆုံးဖြစ်အောင် လုပ်ကြမှာပါ။" လို့လည်း နှင်းဆီအဖွဲ့မှာ မပါဖြစ်တော့တဲကအကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရိုက်ကူးရေးတွေနဲ့ တခြားအစီအစဉ်တွေကြောင့် ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေနဲ့လှုပ်ရှားနေတဲ့ ရဲလေး ကစာနယ်ဇင်းပွဲကိုတောင် မတက်နိုင်တဲ့အထိ အလုပ်များနေပါတယ်။

Friday journla (Malaysia) မှ ဖေါ်ပြချက်အား Myanmar Daily News မှ ကောက်နှုတ်ရေးသားဖေါ်ပြချက်-။

No comments:

Post a Comment