26 January, 2013

ဖေဖေါ်ဝါရီ ၁၄ ရက်မှာ လက်ထပ်ဖြစ်မလားမသိဘူးဆိုလာတဲ့ ၀ိုင်းစုခိုင်သိန်း ...

  photo by popular myanmar
 
ဇန်န၀ါရီ ၁၅ ရက်နေ့ ချစ်သူရှိရာ အမေရိကန်ကို နှစ်ပတ်အလည်အပတ်သွားရောက်မယ်ဆိုပြီး ထွက်ခွားသွားတဲ့ အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းဟာ မိဘ နှစ်ပါးနဲ့အတူ သွားရောက်ဖြစ်တာလို့ ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ သူမရဲ့ ချစ်သူ နှင့် လက်ထပ် ဖြစ်ကြမလားမသိပါဘူးလို့ မရေမရာပြောဆိုခဲ့ပါတယ်။ ၀ိုင်းစုခိုင်သိန်းက သူမရဲ့ မင်္ဂလာအစီအစဉ်နဲ့ ပတ်သက်ပြီး တစ်နှစ်၊ နှစ်နှစ်လောက် အလုပ်လုပ်ချင်ပါသေးတယ် လို့ပြောဆိုထားတာရှိတော့ ပရိသတ်တွေကို စဉ်းစားစရာပေးခဲ့သလိုပါပဲ။
           သူမရဲ့ အလုပ်နဲ့ပတ်သက်ပြီး  ရုပ်ရှင်၊ဗွီဒီယိုထက် ဂီတနဲ့ပိုပြီး အကျိုးပေးတယ်လို့ ပြောခဲ့ဖူးတဲ့ ၀ိုင်းစုခိုင်သိန်းဟာ အခုနှစ် City FM ဆုပေးပွဲမှာ ဆုနှစ်ဆုရရှိခဲ့ပါတယ်။အရင်ကရှိခဲ့တဲ့ City FM ၊ Shwe FM  နဲ့ပတ္တမြား FM ကပေးအပ်ခဲ့တဲ့ ဆုတွေနဲ့ပေါင်းလိုက်မယ်ဆိုရင် ဂီတနဲ့ပတ်သက်ပြီး ဆု (၆ )ဆု ရရှိခဲ့ပါပြီ။
               သရုပ်ဆောင်ပိုင်းတင်မကပဲအဆိုတော်ဘက်မှာလည်း အောင်မြင်နေတဲ့ ၀ိုင်းစုခိုင်းသိန်းက ဂီတမှာ ဆုတွေရရှိပြီး မှတ်တိုင်စိုက်နိုင်သလို ရုပ်ရှင်လောကမှာလည်း အောင်မြင်မှုမှတ်တိုင်စိုက်ထူချင်တာကြောင့် တနေ့နေ့မှာသူမမျှော်မှန်းထားသလို ဖြစ်အောင်ကြိုးစားမယ်လို့လည်းပြောခဲ့ပါတယ်။အမေရိကကိုသွားရောက်နေတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ခရီးစဉ်ဟာ နှစ်ပတ်လို့ပြောထားပေမယ့် တစ်လအထိကြာသွားနိုင်သလို အမေရိကမှာ ချစ်သူနဲ့ ရွှေလက်တွဲတဲ့အထိဖြစ်သွားနိုင်တယ်လို့လည်း နီးစပ်သူများမှပြောဆိုနေကြပါတယ်။

Friday Journal(Malaysia)
by: Myanmar Daily News

No comments:

Post a Comment