14 December, 2012

ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့်ကလေးငယ် (၄)ဦး ကျန်းမာရေးစစ်ဆေး ..


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်(၁၂/၂ဝ၁၂) ၂ဝ၁၂ ခုနှစ်၊ဒီဇင်ဘာလ၁၄ ရက် ၁၃၇၄ ခု၊ နတ်တော်လဆန်း၁ ရက်
အက်စစ်ကြောင့်ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့်ကလေးငယ် (၄)ဦးအား ကျန်းမာရေးစစ်ဆေးမှု သတင်းထုတ်ပြန်ခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင ကြေးနီစီမံကိန်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရအက်စစ်ထိမိပြီး ကျန်းမာရေးထိခိုက်ကြောင်းသံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။
၂။ အဆိုပါကလေးငယ်(၄)ဦးသည် ရန်ကုန်ကလေးဆေးရုံကြီးသို့(၁၁-၁၂-၂ဝ၁၂)ရက်တွင် ရောက်ရှိခဲ့ပြီး အထူးကု ဆရာဝန်ကြီးများဖြင့်လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တွေ့ရှိချက် များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရသည်-
(က) မယွန်းဝတီ (၁ နှစ် ၁ဝ လ) သူငယ်နာအကြောနှင့်ကြွက်သားအားနည်း ရောဂါ(Cerebral Palsy) ဖြစ်သည်။
(ခ) မာင်ကောင်းထက်ဇော် (၈ နှစ်) သူငယ်နာအကြောနှင့်ကြွက်သားအားနည်း ရောဂါ(Cerebral Palsy) ဖြစ်သည်။
(ဂ) မစန်းယုမော် (၂ နှစ်၎ လ) သူငယ်နာအကြောနှင့်ကြွက်သား အားနည်းရောဂါ(Cerebral Palsy) ဖြစ်သည်။
(ဃ) မဇင်မာဆွေ (၁၆နှစ်) ဦးနှောက်အကျိတ် (Brain Tumour) အားလွန်ခဲ့သော ၅ နှစ်က ခွဲစိတ်ထားသည်။ မျက်စိ တဖြည်းဖြည်းမှုန်၍ လုံးဝကွယ်သွားခြင်းဖြစ်သည်။
၃။ အထက်ဖော်ပြပါစစ်ဆေးတွေ့ရှိချက်များ အရ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်းသိရှိရသည်။

No comments:

Post a Comment