06 December, 2012

ယာဉ်လုပ်သားများနှင့် ပတ်သက်၍ ခရီးသည် များအား မချေမငံ ဆက်ဆံမှုကြောင့် အများဆုံး တိုင်ကြားမှု ရှိခဲ့ ...


Thursday 6th December 2012
ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ မထသ မီဒီယာ တွေ့ဆုံပွဲမှာ တာဝန်ရှိသူ တစ်ဦး ရဲ့ ပြောပြချက် အရ ယာဉ်လုပ်သားများနဲ့ ပတ်သက်ပြီး မထသဗဟိုသို့ ပြည်သူများမှ တိုင်ကြားမှု တွေမှာ ခရီးသည် များအား မချေမငံ ဆက်ဆံမှုဟာ အများဆုံး တိုင်ကြားမှု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက်အရ ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာ လအထိ ၄ လတာ ကာလ အတွင်း ယာဉ်လုပ်သား များနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု ၁၇ မှုရှိခဲ့ပြီး ခရီးသည်များအား မချေမငံ ဆက်ဆံမှု အတွက် တိုင်ကြားမှုဟာ အများဆုံး ပါဝင်တာ ဖြစ်ပါတယ်။
တိုင်ကြားမှု တွေထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း ခရီးသည် များကို မချေမငံ ဆက်ဆံမှု အတွက် တိုင်ကြားမှု ၃ မှု၊ ယာဉ်စီးခ ပိုမိုကောက်ခံမှု အတွက် တိုင်ကြားမှု တစ်ခု ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာ လမှာတော့ ခရီးသည်များကို မချေမငံ ဆက်ဆံမှု အတွက် တိုင်ကြားမှု ၂ ခုရှိပြီး အောက်တိုဘာ လနဲ့ နိုဝင်ဘာလ မှာလည်း ခရီးသည်များကို မချေမငံ ဆက်ဆံမှု ၃ မှု ခရီးသည်များ ထံမှ ယာဉ်စီးခ ပိုမို ကောက်ခံမှု အတွက် တိုင်ကြားမှု ၅ မှု မော်တော်ယာဉ်ကို အရှိန် ပြင်းစွာ မောင်းနှင်မှုနဲ့ အပြိုင်အဆိုင် မောင်းနှင်မှု ၂ မှု၊ ဂိတ်ရွှေ့ပြောင်းမှု တစ်မှုတို့ ပါဝင်တာ
ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီးရန်ကုန်တိုင်း ဒေသကြီး
မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို
ကော်မတီ မထသ ဗဟို အနေနဲ့ အရေးယူမှုများကို ဆောင်ရွက် လျက်ရှိပါတယ်။
ဒါ့အပြင် မော်တော်ယာဉ် ခရီးသွား ပြည်သူများ အနေနဲ့ ယာဉ်လုပ်သား များနဲ့ ပတ်သက်ပြီး လိုအပ်ချက်များ ရှိပါက မထသ ဗဟိုသို့ ဆက်သွယ် သတင်းပေး နိုင်တယ်လို့ သတင်းရရှိ ပါတယ်။


MRTV - 4
ဓာတ်ပုံ - မဇ္ဈိမ

No comments:

Post a Comment