၁၉၈၈တွင် သေဆုံးသူ မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးရန် ဒါရိုက်တာ အဏ်ထော်ဏီ ကြိုးစား ...
ရန်ကုန်၊ဒီဇင်ဘာလ ၆။
ဖြိုးနှင့်မင်း ရုပ်ရှင်နှင့်ဗီယို ထုတ်လုပ်ဖြန့်ချီရေးမှ
ဒါရိုက်တာအဏ်ထော်ဏီက ၈၈သပိတ်တွင် သေနတ်မှန်၍ သေဆုံးသွား သူ မဝင်းမော်ဦး၏ ဘဝ အကြောင်းကို
ရိုက်ကူးမည့်အတွက် ကိုယ်တိုင် ဝထ္တုနှင့် ဇာတ်ညွှန်းရေးနေ
ကြောင်း သိရသည်။
အဆိုပါ မဝင်းမော်ဦး သေဆုံးသည်မှာ ၁၉၊ ၉၊ ၂၀၁၃ တွင် ၂၅နှစ်ပြည့်ပြီ
ဖြစ်ကြောင်း၊ ယခု ရိုက်မည့်ဇာတ်ကားကို သူမ၏အ သက်၂၅နှစ်ပြည့်အမှီ ထိုဇာတ်ကားပြီးအောင်
ကြိုးစားနေကြောင်း ထပ်မံသိရသည်။
ထိုဇာတ်ကားနှင့် ပတ်သက်၍ ဒါရိုက်တာအဏ်ထော်ဏီက " မဝင်းမော်ဦး တိုက်ပွဲမှာ သေနတ်ထိတုန်းက
သူ့ကိုကယ်ပြီး ပြေးတဲ့ဘေးက ဆရာဝန်
နှစ်ယောက်ကို ဦးအထင် ကိုကိုင်ဇာနဲ့ ကိုထူးအိမ်သင်လို့ ထင်တာပေါ့။
နှစ်ယောက်လုံး မျက်မှန် တွေနဲ့ နှစ်ယောက်လုံး အနုပညာညီအကိုတွေက ဘာပဲပြောပြော ခုလိုလူမှုရေးအရ
လုပ်ခဲ့တဲ့ပုံလေးလို့ ထင်ခဲ့တာ။ နောက်မှ ဒီပုံကို သေချာကြည့်တော့မှ ဆရာဝန်နှစ်ယောက်
ဖြစ်နေတယ်။ အဲဒါ ကိုယ်တိုင်လွဲခဲ့တဲ့ဟာဖြစ်နေတော့ စိတ်ဝင် စားစရာ ပိုဖြစ်လာတယ်။
ဒါကို ရိုက်ဖို့ဆိုပြီးတော့ သူ့ရဲ့မိဘတွေနဲ့ ဆက်သွယ်ပြီး ဒီကလေးကို ရိုက်ဖို့အတွက်
ခွင့်ပြုချက် ယူလိုက်တယ်။ ရိုက်မယ့်ပုံစံက မဝင်းမော်ဦး ဒီ၈၈မှာ စပြီး လှုပ်ရှားခဲ့ပြီး
ထိခဲ့တယ်ပေါ့။ စအဖွင့်ကတော့ နောက်ဆုံး ၁၉ ရက်နေ့ ချီတက်လာတာနဲ့စပြီး သူဒဏ်ရာရတာနဲ့စပြီး
ဆေးရုံပေါ်ရောက်တဲ့အချိန်မှာ သူ့အဖေနဲ့ သူနဲ့ မိဘပြောစကား နားမထောင်လို့ ထိတယ်လို့ ပြောတဲ့ဟာ
လေး၊ သူပြန်စဉ်းစားတဲ့ဟာလေး၊ ပြန်ပြီးပြောတာလေး သူသေဆုံးတဲ့အထိ
နောက်ပြီး သူသေဆုံးတဲ့အချိန်မှာလဲ သူရဲ့bodyကို ထုတ်ယူဖို့ အခက်အခဲ
ဖြစ်တာတွေ သူ့ကိုမီးသဂြိုလ်ဖို့အထိ အခက်ခဲဖြစ်တာလေး တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် ပရိသတ်တွေကိုလည်း
ပညာပေးချင်တဲ့ သဘောမျိုးလေးပါ။
ကျောင်းသူအာဇာနည် သူရဲ ကောင်းလေးကိုလည်း ဂုဏ်ပြုတဲ့ သဘော မျိုးလေးပါ"ဟု ပြောကြားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး “ပြည်သူကျွေးသော ထမင်းကိုစားတဲ့ အနုပညာ ရှင်ဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးမှာ
ဝင် ရောက် ပါဝင်ပတ်သက်ပြီး လုပ်ကိုင်တဲ့သဘောမျိုးပါ။ အမျိုးသားနိုင်ငံရေး သမိုင်းတခုရဲ့
ဖြစ်ရပ်မှန် တစ်ခုကို ကျန်စေချင် ခဲ့တဲ့ သဘောလေးနဲ့ ရိုက်သွားမှာပါ” ဟု ဒါရိုက်တာအဏ်ထော်ဏီက
မြန်မာ့ခေတ်သို့ ဆိုသည်။
မဝင်းမော်ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်းနှင့် ပတ်သက်၍ အနုပညာရှင်မင်း သမီးကြီးမျိုးထဲမှ
မဟုတ်ဘဲ ကလေးသရုပ်ဆောင် ထဲမှ မဝင်းမော်ဦးနှင့် အနီးစပ်ဆုံးတူမည့် ကလေးကို ရွေးချယ်မည်ဖြစ်ကြောင်း၊
မဝင်းမော်ဦး၏ မိဘနေရာရွေးချယ်ရာတွင် လည်း ဖခင်အဖြစ် အရွေးခံရသူသည် အရေးကြီး သဖြင့်
ဇာတ်ပို့နေရာတွင် အရေးပါပုံနှင့် အဆိုပါ ဇာတ်ကားကို အာရုံထားပြီး တစ်စိုက်မက်မက် လုပ်ပေးနိုင်သည့်
မင်းသားနှင့်သာ ရိုက်မည်ဖြစ်ကြောင်း သိရသည်။
____________________________________
Reference and Credit to -အိအိ(မြန်မာ့ခေတ်)
No comments:
Post a Comment