24 December, 2012
ပိုပြင်းသော အရေးတော်ပုံကို ကိုယ်တိုင် ဦးဆောင်မည်ဟု ဦးဝီရသူမိန်ကြား ..
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စစ်ဆေးချက်များနှင့် အစိုးရ၏ ဆုံးဖြတ် ဆောင်ရွက်မှုများသည် တရားမျှတမှုမရှိခဲ့လျှင် ပိုမိုပြင်းထန်သော အရေးတော်ပုံကို ကိုယ်တိုင် ဦးဆောင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီး အရးပေါ်ဌာနမှ ဒဏ်ရာရ သံဃာတော်များအား လာရောက် ကြည့်ရှုစဉ် ဦးဝီရသူက မိန့်ကြားသွားခဲ့သည။်
“သံဃာကို ထိလို့မကျေနပ်တာက နိုင်ငံရေးမဟုတ်ဘူး။ ဦးဇင်းတို့ လိုလားတဲ့ လိုချင်တဲ့ ဆန္ဒတွေ အကုန်လုံး ပြည့်ဝအောင် အမျိုးသားအကျိုးစီးပွား မထိခိုက်နိုင်အောင်ဆိုနိုင်မှ နိုင်ငံရေးလို့ ဦးဇင်းတို့ကမြင်တယ်"ဟု ဦးဝီရသူက မိန့်သည်။ ဆရာတော်မှသံဃာ့ ဆန္ဒလည်း ပြည့်ဝအောင်၊ အမျိုးသားအကျိုးစီးပွားလည်း မထိခိုက်စေပဲ အားလုံးပါဝင် ပူးပေါင်းသော နည်းဖြင့် ဖြေရှင်းသင့်ကြောင်း ဆရာတော်အနေဖြင့် ရွာသူရွာသားများနှင့် ဦးဇင်းတို့က တစ်သားတည်း ရှိကြကြောင်း နှင့် လက်ပံတောင်းတောင် အရေးဆောင်ရွက်နေသော သံဃာတော်များနှင့် ဆရာတော်သည် တစ်သားတည်း ရှိကြောင်း လည်းပြောကြားသည်။
 “ဆေးရုံပေါ်က ထိခိုက်ဒဏ်ရာ ရနေတဲ့သွေးမြေကျခဲ့ရတဲ့ သံဃာတော်တွေနဲ့ပြည်သူတွေကလည်း တစ်သားတည်း ရှိတယ်၊ ဒီအေ၇းတော်ပုံကြီး မအောင်မခြင်း ပြည်သူတွေရဲ့ ဆန္ဒ မပြည့်ဝမခြင်း အမျိုးသား အကျိုးစီးပွားကို မထိခိုက်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မျာပါ" ဟု ထပ်မံမိန့်ကြားခဲ့သည်။
No comments:
Post a Comment