ယနေ့နံက်ပိုင်းမှ
ညနေ (၆) နာရီအထိ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အား စစ်ဆင်ရန် မြစ်ကြီးနား-
လိုင်ဇာ လမ်းကြောင်းမှ စစ်ဆင်လာသော အစိုးရစစ်ကြောင်းများကို KIA ရှေ့တန်းတပ်များက တနေ့လုံး
ခံတိုက်နေသဖြင့် ရှေ့မတိုးနိုင်ဘဲ ရှိနေသည်ဟု KIA စစ်ရုံးအရာရှိတဦးက ဆိုပါသည်။
“
ဒီစစ်ကြောင်းတွေက ပူးပေါင်းတပ်တွေလေ။ ပူးပေါင်းတပ်တွေဆိုတော့ ရေသာခိုကြတယ်။ ခလရ (၂၉၈)
ခမရ (၃၉၀)၊ ခလရ (၅၈) နဲ့ အခြားတပ်ဖွဲ့တွေ ပူးပေါင်းထားတယ်။ မနေ့ကလည်း တနေ့လုံး ကျနော်တို့
ဖြတ်တိုက်ခဲ့တယ်။ ဒီနေ့လည်း တနေ့လုံး ပြင်းပြင်ထန်ထန် တိုက်လိုက်တော့ ရှေ့မတိုးနိုင်ဘူးလေ။
ဒါနဲ့ဘဲသူတို့က ရဟတ်ယာဉ်ရဲ့အကူ နဲ့ တိုက်လာတယ်ဗျ။ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း တအား
ပစ်ကူပေးတော့တာပါဘဲ။” ဟု ဆိုပါသည်။
မြစ်ကြီးနား
အမှတ် (၅၀၃) စခန်းမှ Mi-25 စစ်ရဟတ်ယာဉ် (၂) စင်းသည် 30 mm စက်သေနတ်ဖြင့် KIA ရှေ့တန်းတပ်များ
ရှိနိုင်သောနေရာများနှင့် ကွမ်ရှောင် စခန်းကို တိုက်ခိုက်ခဲ့ပါသည်။
တချိန်ထဲတွင်
မလိစခန်း နှင့် ဂန်ဒေါ်ယန်တပ်စခန်းမှ အစိုးရအမြောက်တပ်တို့သည်လည်း ၁၂၀ မမ၊ ၈၁ မမ များနှင့်
ပစ်ကူပေးခဲ့သလို ယမန်နေ့၌လည်း အကြိမ် (၄၀) ထက်မနဲ ကွမ်ရှောင်စခန်းကို ပစ်ခတ်ခဲ့ပါသည်။
ဤ ကဲ့သို့ (၂) ရက် တာမျှပစ်ကူပေးနေသော်လည်း တနိုင်းအခြေစိုက် ခလရ (၂၉၈) တပ်ဖွဲ့နှင့်
နမ္မတီးအခြေစိုက် ခမရ (၃၉၀)တို့ စစ်ကြောင်းသည် ရည်မှန်းထားသည့် ကွမ်ရှောင် တပ်စခန်းကိုပင်
မရောက်ရှိနိုင်သေးပေ။
ထို့အပြင်
အစိုးရလက်နက်ကြီးများသည် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပို့လွှတ်နေသော မလိရေအား လျှပ်စစ်စက်ရုံအနီး
သို့ အမြောက်ကျည် (၆) လုံးကျရောက် ထိမှန်ခဲ့သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် စစ်ဆင်ရေး
ဆက်လက်ပြင်း ထန်လာ ပါက ဤမလိရေအားလျှပ်စစ်စက်ရုံကို KIA ကယာယီ ပိတ်ထားရမည်ဟု ဆိုပါသည်။
KIA
သည် လက်နက်ကြီး ပစ်ကူပေးနေသော စခန်းများထဲမှ မလိယန်လိမ္မော်ခြံမှ အမြောက်စခန်းကို ၀င်ရောက်
တိုက်ခိုက်ခဲ့သဖြင့် ဤစခန်းမှ လက်နက်ကြီးပစ်ကူများ ရပ်တန့်သွားခဲ့ပါသည်။ အလားတူ လိုင်ဇာသို့
စစ်ဆင်လာ သော ဗန်းမော်- ဒေါ့ဖုန်ယန်းလမ်းကြောင်းမှ အစိုးရစစ်ကြောင်းများသည်လည်း လာဂျားယန်သို့
ဦးတည်ရန် ပြင်ဆင်လှုပ်ရှားနေ သလို လက်နက်ကြီးများဖြင့်လည်း KIA စခန်းများကို ကြိုကြား
ပစ်ခတ်နေခဲ့ပါသည်။
အစိုးရ၏
မြစ်ကြီးနားလိုင်ဇာ စစ်ကြောင်းများသည် စစ်ဆင်ရေးစတင်ခဲ့သည်မှာ (၂) ရက်ခန့်ရှိလာခဲ့သော်လည်း
တပ်ဖွဲ့များ ယနေ့ညနေ (၆) နာရီအချိန်ထိ ရှေ့မတိုးနိုင်ခြင်းသည် ၄င်းတို့တပ်ဖွဲ့၌ အကျအဆုံးများခြင်း
ဖြစ်နိုင်သလို လမ်းကြောင်းများဖေါက်ရန် သွေးတိုးစမ်းနေခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု
အကဲခတ် များကဆိုပါသည်။
အစိုးရတပ်များသည်
လက်နက်ကြီးများဖြင့် KIA စခန်းများကို ပစ်ကူပေးနေပါသည်။ ဤပစ်ကူများသည်လည်း ပျောက်ကျားစစ်ဆင်ရေး
တိုက်ပွဲများတွင် ထိရောက်မှု မရှိလှပေ။ သို့သော် ဤနည်းဖြင့် အစိုးရသည် (၁၉၉၄) ခုနှစ်တွင်
KNU စခန်းများအား စစ်ဆင်ရာ၌ အထူးပင် ထိရောက်ခဲ့ပါသည်။ ဤသို့ကြောင့် လက်ရှိတွင် လိုင်ဇာဌာနချုပ်အား
(105) မမ အမြောက် (၁၂) လက်ခန့် နှင့် (၁၂၀) မမ များ ချိန်ရွယ်ပစ်ခတ်နေခြင်း ဖြစ်ဖွယ်ရှိပါသည်။
သို့သော် အစိုးရသည် စစ်ရဟတ်ယာဉ်နှင့် လက်နက်ကြီးများ မည်မျှပင် သုံးစေကာမူ KIA စစ်မြေပြင်၏
ပန်ဝါစစ်ဆင်ရေးနှင့် လဂျားယန် စစ်ဆင်ရေး၌ ဦးကြိုးခဲ့သလို ယနေ့ဖြစ်ပွားသော ကွမ်ရှောင်စခန်းတိုက်ပွဲ၌လည်းအစိုးရတပ်များ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေခဲ့ပါသည်။
phophtaw.org
phophtaw.org
KIA နှင့် မြန်မာအစိုးရတပ်
တိုက်ပွဲပြင်းထန်သဖြင့် စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်လျှက်ရှိသည်။
ဒီဇင်ဘာလ(၂၃)ရက်နေ့ မနက်ပိုင်းမှ စတင်၍ ခလရ(၂၉၈) ခမရ(၃၉၀)၊ ခလရ(၅၈) နှင့် အခြားတပ်ဖွဲ့ပူးပေါင်း စစ်ကြောင်း သည် KIA ရှေ့တန်းစခန်းသို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
မြစ်ကြီးနား
အမှတ်(၅၀၃) လေတပ်စခန်းမှ Mi-25 ရဟတ်ယာဉ်(၂)စင်းပေါ်မှ 30 mm စက်သေနတ်ဖြင့် KIA ရှေ့တန်း
ကွမ်ရှောင်စခန်း ကို လာရောက် ပစ်ခတ်ခဲ့သည်။ မလိစခန်း(ရဲစခန်း) နှင့် ဂန်ဒေါ်ယန်တပ်စခန်း
တို့မှလည်း ၁၂၀ မမ၊ ၈၁ မမ များနှင့် ပစ်ခတ် တိုက်ခိုက်လျက် ရှိသည်။
အမြောက်
လက်နက်ကြီးကျည်(၆)လုံးသည် မြစ်ကြီးနား၊ ၀ိုင်းမော်သို့ ပို့လွှတ်နေသော မလိရေအား လျှပ်စစ်
စက်ရုံအနီး လာရောက် ထိမှန်ခဲ့သည်။ အမြောက်ကျည်(၂)လုံးသည် ရေလွှဲပိုက်ကြီးမှ ၂၀၀ မီတာ
အကွာတွင် ကျရောက် ပေါက်ကွဲခဲ့သည်။ စစ်ဆင်ရေး ဆက်လက် ပြင်းထန်လာလျှင် မြစ်ကြီးနား၊ ၀ိုင်း
မော်သို့ ပေးပို့သော မလိရေအားလျှပ်စစ် စက်ရုံကို ယာယီ ရပ်ဆိုင်းရမည့်အခြေအနေသို့
ရောက်ရှိသွားနိုင်မည် ဖြစ်သည်။ Myitkyina
news



No comments:
Post a Comment