18 December, 2012

ဖူဆယ် ကစားသမားတစ်ဦးကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ချမှတ်



ရန်ကုန်-ဒိဇင်ဘာ၁၈

ဖူဆယ် Royal Land အသင်း ဂိုးသမားဖြစ်သူ ကျောနံပါတ်
(၁၆) ရဲမြတ်မင်းအား MFF မှကျင်းပသည့် မည်သည့်ပြိုင်ပွဲတွင်မဆို ပါဝင်ကစားခွင့်မပြုရန် ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း
မြန်မာနိင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒီဇင်ဘာ(၁၅)ရက်နေ့ပွဲစဉ်တစ်ပွဲဖြစ်သည့် Royal Land အသင်းနှင့် ACE အသင်းတို့ပွဲစဉ်တွင် ACE ကစားသမား ကျောနံပါတ်(၁၃)အောင်လင်းမောင်နှင့် Royal Land အသင်းမှ ကျော်နံပါတ်(၁၆) ရဲမြတ်မင်းတို့ ဘောလုံးယှဉ်လု
ရင်းနှစ်ဦးစလုံးလဲကျသွားသဖြင့် ဒိုင်မှ ခေတ္တပွဲရပ်နားထားစဉ် ရဲမြတ်မင်းသည် အောင်လင်းမောင်အား နှစ်ချက်ဆင့်ကန်သဖြင့် ဒိုင်မှ အနီကတ်ပြထုတ်ပယ်ခဲ့သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ တာဝန်ရှိသူများမှ အရေးယူပေးပါရန် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကိုတင်ပြလာရာ ကော်မတီသည် ဒီဇင်ဘာ(၁၇)ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ယနေ့မှ အရေးယူရန်ထုတ်ပြန်ခြင်းဖြစ်သည်။
ဓါတ်ပုံ-myanmarnationalleague.com
(credit to Popular Myanmar News Journal)

No comments:

Post a Comment