17 December, 2012

မည်သည့် ပစ္စည်းကိုမဆို ငါးမိနစ် အတွင်း ဖျက်ဆီးနိုင်သည့် ဖောက်ထွင်းဝိဇ္ဖာများ ထွက်ပြေးလွတ်မြောက် ..


  http://mawkhon.blogspot.com/2012/12/blog-post_9475.html
ခိုးမှု ၂၆ မှု ကျူးလွန်ထားသည့် ဖောက်ထွင်းဝိဇ္ဇာသုံးဦးရဲစခန်းမှ တရားရုံးသို့ ပို့ဆောင်စဉ် မင်္ဂလာတောင် ညွန့် မြို့ နယ် ဧရိယာအတွင်းတွင် နှစ်ဦး ထွက်ပြေး လွတ်မြောက် သွားကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ထွက်ပြေး လွတ်မြောက် သွားသည့် အသက် ၂၇ နှစ် အရွယ် ရှိုးဂန်း (ခေါ်) စံလင်းအောင် (ခေါ်) ဟာမစ် ၂၇ နှစ်နှင့် ကျော်ဇေယျာလင်း (ခ) ဖိုးကျော် ၂၇ နှစ် တို့ကို တိုက်ကြီးမြို့ နယ်တွင် အောက်တိုဘာလ၂၅ ရက်နေ့ ည ၁ဝ နာရီ အချိန်ကဖမ်းဆီး ရမိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးတွင် ခေါ်ယူ စစ်ဆေးပြီးနောက် မင်္ဂလာတောင်ညွန့် ရဲစခန်း အချုပ်ခန်း၌ ခေါ်ယူ ထိန်းသိမ်းထားကြောင်း မှုခင်း မှတ်တမ်းများအရ သိရှိရသည်။ ဒီဇင်ဘာလ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အဆိုပါ အချုပ် ခန်းမှ တရားရုံးသို့ ပို့ဆောင်ရာအချုပ်ကားပေါ် မရောက်ခင် ရဲလက်ထဲမှ ထွက်ပြေး လွတ်မြောက် သွားသောေ ကြာင့် တာဝန်ကျ ရဲဝန်ထမ်းများကို ဖမ်းဆီး ထိန်းသိမ်းထား ကြောင်း ရဲတပ်ဖွဲ့ အသိုင်း အဝိုင်း ထံ မှ သိရှိရသည်။
ထွက်ပြေး လွတ်မြောက်သွားသူ နှစ်ဦးနှင့်အတူ ပြစ်မှုကျူးလွန်သူ သန်းဇော်ဝင်း(ခ) ငဆင့်ကို စစ်ဆေးချက်များအရ တရားခံများမှာ မည်သည့် ပစ္စည်းကိုမဆို ငါးမိနစ် အတွင်း ဖျက်ဆီး နိုင်စွမ်းရှိကြောင်း ထွက်ဆိုသည်ဟု သင်္ဃန်းကျွန်း ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ၄င်းတို့ သုံးဦးကို မင်္ဂလာတောင်ညွန့် ရဲစခန်းက ပြစ်မှုပေါင်းငါးမှု၊ ပုဇွန်တောင် ရဲစခန်းမှ ပြစ်မှုပေါင်းသုံးမှု၊သင်္ဃန်းကျွန်းရဲစခန်းမှ ပြစ်မှုပေါင်းနှစ်မှု၊ တာမွေ ရဲစခန်းမှ နှစ်မှု၊ အလုံ ရဲစခန်းမှ ပြစ်မှုပေါင်းနှစ်မှု၊ ကမာရွတ် ရဲစခန်းမှ ပြစ်မှုပေါင်း လေးမှု၊ လှိုင်ရဲစခန်းမှ (ပ) ၁၂၁/ ၁ဝ၁၂၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၈ဝ၊ ကြည့်မြင်တိုင် ရဲစခန်းမှ ပြစ်မှုပေါင်းသုံးမှု၊ စမ်းချောင်းရဲစခန်းမှ ပြစ်မှုပေါင်းနှစ်မှု၊ အင်းစိန် ရဲစခန်းမှ ပြစ်မှုပေါင်းနှစ်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

The Voice News Journal

No comments:

Post a Comment