17 December, 2012

ဖိတ်ခေါ်ပြီ ( 2013 Sea Games ဂုဏ်ပြုသီချင်း)


ဒါရိုက်တာ - ဇော်ကိုကို
တေးရေး - ဆလိုင်းနေလင်းနိုင်
တေးဆို - R ဇာနည်၊ L ဆိုင်းဇီ
Band - Lazy Club
Music Proceducer - ဇ၀ါ


ကျွန်တော်အနေနဲ့ နိုင်ငံတော်အတွက် ဘာမှ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး
အခု ဒီသီချင်းကို နားထောင်ရင်းကြည့်မိတော့ နိုင်ငံ အတွက် သူတို့လို စွမ်းဆောင်ချင်လိုက်တာဗျာ...
တကယ်ပါ အားကစားသမားတွေ ဆိုတာ ကျွန်တော်နိုင်ငံကို ဂုဏ်ဆောင်နေတဲ့ သူတွေ ကျွန်တော်တို့ နိုင်ငံရဲ့  ပုံရိပ်ကို သမ္မတ ကြီးက
မြှင့်တင်သလိုဘဲ မြှင့်တင်ပေးနေတဲ့ သူတွေ..
အခုဒီသီချင်းကို နားထောင်ကြည့်ရင်း ကျွန်တော်လည်း တစ်ထောင့်တစ်နေရာကနေ နိုင်ငံဂုဏ်ကို မြှင့်တင်ဖို့ ပါဝင်ချင်လိုက်တာဗျာ
ဒီသီချင်းကိုကြည့်ရင်း သိလာရတာက ကျွန်တော်တို့ နိုင်ငံမှာ သူများထက်သာတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုရှိတယ်၊ အနုပညာတွေ ရှိတယ် ၊
အရည်အချင်းတွေရှိတယ် ၊ ပညာတွေ ရှိတယ် ၊ သူများထက် ထူးတဲ့
မျိုးချစ်စိတ်တွေ ရှိတယ် ၊ ဇာတိမာန်တွေရှိတယ်။
အခုသီချင်းကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဇော်ကိုကို၊ အဆိုတော် R ဇာနည်၊
L ဆိုင်းဇီ ၊ တေးရေး ဆရာ ကိုဆလိုင်းနေလင်းနိုင်၊ Lazy Club Music Band ၊ Proceducer ကိုဇ၀ါ၊(Executive Produced by Hinthar Media ၊
Produced by EVENT MASTER) ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ကြတဲ့
အားကစားသမားများ၊ အကပညာရှင်များနဲ့ တေးသရုပ်ဖော် အနုပညာရှင်
များကို လေးစားစွာ ဂုဏ်ပြု ချီးမြှင့် အပ်ပါတယ် ။
ဒီသီချင်းကို နားထောင်ရင်း မျိုးချစ်စိတ်တွေနဲ့ နိုင်ငံ ဂုဏ်ဆောင်လိုစိတ်တွေ
တဖွားဖွားပေါ်ပေါက်လာရသလိုကိုယ်မလုပ်နိုင်ပေမဲ့လည်း နိုင်ငံဂုဏ်ဆောင်
ပြီး လုပ်ကိုင်နိုင်သူများအတွက် ယခု ဖိတ်ခေါ်ပြီသီချင်းဖြင့် ချီးကျူး
ဂုဏ်ပြုအပ်ပါသည်။
" အစဉ်အလာရှိခဲ့သော မြန်မာပြည်တို့ရဲ့ လက်တွေလေထဲ
ဝင့်ဝဲ ပျံသန်းဆဲနေ့သစ်လေးကိုကြိုရင်း "
ရွှေမြန်မာများ အိပ်စက်ရာမှ နိုးထကြပါတော့ ၊ မတူတာတွေ ထားခဲ့ကြပါတော့ကျွန်တော်တို့ အရည်အချင်း၊မျိုးချစ်စိတ်၊ ဇာတိမာန် နဲ့ အခွင့်အလမ်းများဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ဖို့ 2013 SEA Games ကို ကြိုဆိုဂုဏ်ပြုရင်း" ဖိတ်ခေါ်ပြီ "သီချင်းဖြင့် နိုင်ငံပုံရိပ်ကို ထွန်းလင်းနိုင်ပါစေ။
Myanmar Online News

No comments:

Post a Comment