နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်ထိန်းသိမ်းထားခြင်း မရှိကြောင်းဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်ဆို...
ယခင်တပ်မတော်အစိုးရ လက် ထက်တွင်
နိုင်ငံတော်ဝန်ကြီးချုပ် အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ သော ဗိုလ်ချုပ်ကြီးဟောင်း
ဦးခင်ညွန့်အား ပြန်လည် ထိန်းသိမ်းထားသည်ဟုသတင်းများထွက်ပေါ်နေခြင်းအပေါ်ဟုတ်မှန်ခြင်းမရှိကြောင်း
နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေ ၅ နာရီတွင် ဦးခင်ညွန့်က The Messenger ဂျာနယ်သို့ အတည်
ပြုပြောသည်။
”ကျွန်တော် ဘာမှမဖြစ်ဘူး။ ထိန်း သိမ်းထားတယ်ဆိုတာ ဘယ်က
သတင်းလွှင့်လိုက်လဲ မသိဘူး။ အခု ခြံထဲမှာ ပန်းပင်ရေလောင်း နေတာ တွေ့တယ်မဟုတ်လား။
ဂျာ နယ်တွေကို မတွေ့ချင်ဘူး။ မပြော ချင်ဘူး။ ပါးစပ်ပိတ်ထားတယ်။
ဂျာနယ်လစ်တွေကိုလည်း သိပ် ကြောက်သွားပြီ”ဟု ၄င်းက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ပြည်တွင်းသတင်း
ဂျာနယ်တစ်စောင် အင်တာဗျူးမေးမြန်းရာတွင်အမျိုးသားနိုင်ငံရေးပြုလုပ်မည်ဟုပြောကြားခဲ့သည့်အပေါ်
ပြည်ပအခြေစိုက်သတင်း မီဒီယာများ၏ ပြန်လည် သုံးသပ် ချက်များကြောင့် ၄င်း၏ ကိုယ်ရေး
ကိုယ်တာ ကိစ္စတွင် များ စွာ ထိခိုက်ခဲ့ကြောင်း၊ ယင်းသို့သတင်းထွက်ပေါ်မှုများနှင့်အွန်လိုင်းသတင်းစာမျက်နှာများတွင်
၎င်းအားပြန်လည်ထိန်းသိမ်းစစ်ဆေးမှုများရှိခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပြီးနောက်
မီဒီယာများအား မတွေ့ ဆုံတော့ကြောင်း ၄င်းက ဆိုသည်။
”အမျိုးသားနိုင်ငံရေး လုပ်မယ်ဆိုတာကို လျှောက်ဖွတာ မျိုး မီဒီယာတွေက ရေးကြတယ်။
အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ပါတီနိုင်ငံရေး မလုပ်ဘူးလေ။
နိုင်ငံရေးသမားတွေကလည်း ကျွန်တော် နိုင်ငံရေးလုပ်မှာ သိပ်ကြောက်နေကြ သလား မသိဘူး။
အခုလည်း အမျိုး သားနိုင်ငံရေး လုပ်နေတာပါ။ အဓိပ္ပာယ်ကို ဘယ်လိုယူဆကြလဲ ။ ကျွန်တော်
လူမှုရေး ဘာသာ ရေးတွေပဲလုပ်မယ်။ ကျန်တာမလုပ်ဘူး”ဟု ဗိုလ်ချုပ်ကြီးဟောင်း
ဦးခင်ညွန့်က ထပ်ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်နှင့်ဇနီးသည် နိုဝင်ဘာ၎ရက်နေ့ကဆီဒိုးနားဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးဆန်းဆင့်၏သားမင်္ဂလာဧည့်ခံပွဲသို့တက်ရောက်ဂုဏ်ပြုခဲ့ကြောင်းသိရသည်။လက်ရှိတွင် ရွှေမှော်ဝန်း အမည် ရှိ လူမှုရေးဖောင်ဒေးရှင်းတစ်ခုကိုဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကဦးဆောင်လျက်ရှိပြီးဘုရားစေတီပုထိုးများ
ပြုပြင်ခြင်း၊အလှူငွေများပေးအပ်ခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိသည်။
No comments:
Post a Comment