10 November, 2012

လူသတ်တရားခံ ကြေးမုံကမိ ရဲကမမိ ...


စက်တင်ဘာ၂၂ ရက်နေ့၌ ဖြစ်ပွားခဲ့သော မော်လမြိုင် ကျွန်းမြို့နယ် မရဲအုန်းပင်စု ကျေးရွာလူသတ်မှုတွင် ကြေးမုံသတင်းစာ၌ ဖမ်းဆီးအရေးယူ ထားဟု ပါရှိသော်လည်း ကျိုက်ပိရဲ စခန်းမှ လူသတ်မှုကျူးလွန်သူအား ယနေ့အထိ ဖမ်းဆီးမမိသေးကြောင်း ကျိုက်ပိရဲစခန်းမှ သိရသည်။
"တရားခံကို မမိသေးဘူး၊ ယခုအချိန်အထိ မမိသေးဘူး၊ သတင်းစာထဲ ပါတဲ့ အမှုဖွင့်ပုဒ်မတွေက ဟုတ်ပါတယ်။ တရားခံက အမှုစဖြစ်တဲ့နေ့က ထွက်ပြေးနေတာ၊ သူ့ကိုအမြန်ဆုံးဖမ်းမိရေးအတွက်ဆောင်ရွက်နေပါတယ်" ဟု ကျိုက်ပိရဲစခန်းမှတာဝန်ကျ ရဲအရာရှိ တစ်ဦးကပြောသည်။
အဆိုပါဖြစ်ရပ်အား ကြေးမုံသတင်းစာ၌ စက်တင်ဘာ၂၇ ရက်နေ့ရက်စွဲပါ စာမျက်နှာ ၇တွင် "အကြွေးတာင်းရာမှ လူသတ်မှု ဖြစ်ပွား" ဟု ခေါင်းစဉ်ဖြင့် ရေးသားထားသော သတင်းတွင် စက်တင်ဘာ၂၂ ရက် ည ၉ နာရီခွဲခန့်အချိန် မော်လမြိုင်ကျွန်းမြို့နယ် မရဲအုန်းပင်စုကျေးရွာနေ ကိုမြင့်လွင် ၄၂ နှစ် သည် တစ်ရွာတည်းနေ ကိုမျိုးနိုင် ၃၄ နှစ်ထံမှ ရရန် အကြွေး ငွေကျပ် ၆၀ဝ၀တောင်းရာမှ အချေအတင်စကားများ ရန်ဖြစ်ကြရာ မြင့်လွင်ကဝါးရင်းတုတ်ဖြင့်မျိုးနိုင်အားရိုက်နှက်ပြီးထင်းခုတ်ဓားမဖြင့်ခုတ်လိုက် ရာ မျိုးနိုင်တွင် လည်ပင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ "စက်တင်ဘာ ၂၄ ရက်တွင် မရဲအုန်းပင်စု ကျေးရွာ ရာအိမ်မှူးဦးမြင့်စိုး၏ တိုင်တန်းချက်အရ ကျိုက်ပိရဲစခန်းမှ (ပ) ၃၀/ ၁၂၊ ပုဒ်မ ၃၀၂ဖြင့် ပြစ်မှုကျူး လွန် သူတရားခံမြင့်လွင်အား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်" ဟု ရေးသားဖော်ပြထားခြင်းဖြစ်သည်။ နေပြည်တော်ရှိ ကြေးမုံသတင်းစာ တိုက်သို့ အောက်တိုဘာ၁၁ရက်နေ့ တွင်လူထုပုံရိပ်မှဆက်သွယ်မေးမြန်းရာ"သတင်းရေးတဲ့လူ၊သတင်းထောက်နဲ့ ဆက်သွယ် စုံစမ်းလို့မရသေး ဘူး" ဟု ညပိုင်းအယ်ဒီတာတစ်ဦးက ပြောသည်။

No comments:

Post a Comment