09 December, 2012

စင်ကာပူအတွက် အင်ဒိုနီးရှားအိမ်ဖော် အရေအတွက် လျော့နည်းသွားမည် ..


လာမဲ့နှစ်ထဲမှာ စင်ကာပူမှာ လာရောက်အလုပ်လုပ်မည့် အင်ဒိုနီးရှားအိမ်ဖော် အရေအတွက် ၃၀% အထိ ကျဆင်းသွားမယ်လို့ အေဂျင်စီများက ခန့်မှန်းထားပါတယ်။ အကြောင်းအရင်း က ဇန်န၀ါရီလ ၂၀၁၃ ခုနှစ် မှစပြီး အင်ဒိုနီးရှားမှာ အလုပ်သမားအားလုံးရဲ့ အနိမ့်ဆုံးလစာကို တိုးမြင့်လိုက်မှာဖြစ်ပါတယ်။ ဂျာကာတာမြို့တော်မှာ အနိမ့်ဆုံးလစာက စင်ကာပူဒေါ်လာ ၃၀၀ ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး မိမိရပ်ရွာဒေသ နဲ့ နီးကပ်တာကြောင့် အိမ်ဖော်အလုပ်သမားများက မိမိနိုင်ငံမှာ အလုပ်လုပ်ရမှာကို ပိုနှစ်သက်ကြမှာ ဖြစ်ပါတယ်။
စင်ကာပူအေဂျင်စီ တွေက လုပ်အားခပိုပေးခြင်းဖြင့် သူတို့ကို ဆွဲဆောင်နိုင်မယ်လို့ ပြောပါတယ်။ နောက်လ ဇန်န၀ါရီလမှစပြီး စင်ကာပူရှိ အိမ်ဖော်အလုပ်သမားတွေကို တစ်ပတ်မှာတစ်ရက် နားရက်ပေးရမယ့် ဥပဒေသစ်လည်း အကျုံးဝင်ပြီ ဖြစ်ပါတယ်။
(Ref; Channel News Asia, 12/9/2012)

No comments:

Post a Comment