23 November, 2012

သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမပါရေးကြပ်မတ်ရန် ညွှန်ကြားချက်ထုတ် ..


သံတွဲမြို့မှ ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များမပါရှိစေရေးကြပ်မတ်ရန် ခရိုင်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက်ထုတ်ပြန်
လိုက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော
ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက်အကြောင်းကြားခဲ့သည်။
ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက
ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။
သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီး
လေယာဉ်ခများမှာ မြန်မာ့လေကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက
လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။
“တစ်ကယ်ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေက
လုံခြုံရေးစီစဉ်ပေးသင့်တယ်” ဟုလည်းအခြားဒေသခံတစ်ယောက်က
ပြောသည်။
အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ
နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြ
ထားသည်။


Yangon Press

No comments:

Post a Comment