ယာဉ်ထိန်းရဲအယောင်ဆောင်ငွေတောင်းခံမှု့ ....
၎.၁၁.၂ဝ၁၂ ရက်နေ့ (၁၈၁၅)အချိန်
မြို့တော်ဂေါက်ကွင်းအနီး၊ လေဆိပ်
လမ်းပေါ်တွင် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးမှ
မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ
(ရင်နံပါတ် ၂ဝ၄၂) တပ်ဆင်ထားသည့် ယာဉ်ထိန်းယူနီဖောင်း အကျီဖြူ နှင့် နက်ပြာရောင်
ဘောင်းဘီဝတ်ဆင်လျက် ဇော်သန်းဦး၊ ၃၈ နှစ်၊ (ဘ)ဦးတင်ရီအား ၎င်းဝတ်ဆင်ထားသော ယူနီဖောင်း
ဘောင်းဘီအတွင်းမှတောင်းခံရရှိထားသောငွေ ၄ဝဝဝိ/- နှင့်အတူ ရှာဖွေတွေ့ရှိ
သိမ်းဆည်းပြီး မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂ဝ၁၂၊ ပုဒ်မ ၁၇ဝ ဖြင့် အရေးယူထားရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ထိုကဲ့သို့ ယာဉ်ထိန်းရဲ
အယောင်ဆောင် ငွေတောင်းခံခြင်းများအား ပြည်သူများမှ မကြာခဏ လာရောက်တိုင်တန်း
သတင်းပေးသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် လှည့်ကင်း များဖြင့်လည်းကောင်း၊
အရပ်ဝတ်ဖြင့်လည်းကောင်း အသွင်ယူ၍စောင့်ကြည့်
စုံစမ်းခြင်းများ ပြုလုပ်လျက်ရှိ ကြောင်းသတင်း ရရှိပါသည်။
Myanmar Police Force
No comments:
Post a Comment