23 November, 2012

မုံရွာတွင် တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများ (၁၆၅)အိတ်ဖမ်းဆီးရမိ ..


တရားမ၀င် သယ်ဆောင်လာသောကျောက်စိမ်းရိုင်းတုံးများကို ဆာလာ
အိတ်ဖြင့်ထုပ်ပိုး၍ ဖားကန့မြို့နယ်ဟောင်ပါးရွာမှတဆင့် ချင်းတွင်းဖြစ်ကြောင်း တိုင်း စက်လှေဖြင့်စုန်ဆင်း သယ်ဆောင်လာပြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်တာဝါတိုင်ဆိပ် တွင် ယူဒီကောင်တာ (၆)ဘီး ကား ယာဉ်နံပါတ် ၂က/၆၀၅၈သို့ပြောင်းပြီးတင်ဆောင်၍ တာရိုးအတိုင်းမောင်း
လာစဉ် သက်ဆိုင်ရာဖမ်းဆီးရေး အဖွဲ့မှဖမ်းဆီးရေးအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ည ၁၀ နာရီ က ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
၎င်းကျောက်စိမ်းရိုင်းတုးံ (၁၆၅)အိတ် အလေးချိန်(၆၂၄၈.၅၀)ပိဿာဖြစ်ပြီး ပိုင်ရှင်မှာ မင်းကင်းမြို့ နယ် တောင်ဘတ်ကျေး ရွာမှ ဦးအောင်နိုင်ဝင်း၏ ပစ္စည်းများဖြစ်ကြောင်း စုံစမ်းသိရသည်။
၎င်းကျောင်းစိမ်းအရိုင်းတုံးများအားမန္တလေးမြို့ သို့ပို့ဆောင်ရန်ဖြစ်ကြောင်း
သိရပြီး သယ်ဆောင်လာ သူ(၄)ဦး အားဖမ်းဆီးထားပြီး မုံရွာမြို့ အမှတ်
(၁)ရဲစခန်းမှ(ပ) ၇၁၂/၁၂မြန်မာ့ကျောက်မျက် ရတနာ ဥပဒေပုဒ်မ၄၂(က)
အရအမှုဖွင့်ထားကြောင်းသိရသည်။


Yangon Media

No comments:

Post a Comment