23 November, 2012

ငလျင် သတင်း ..

 
ယနေ့ မြန်မာစံတော်ချန် ညနေ ၀၄ နာရီ၊ ၅၃ မိနစ်၊ ၃၄ စက္ကန့်အချိန်တွင် စဥ့်ကူးမြို့၏အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ (ရွှေဘိုမြို့တွင် မိုင် ၂၀ ခန့်အကွာ) ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အလားတူ ယနေ့မွန်းလွဲ ၀၂ နာရီ၊ ၅၁ မိနစ် အချိန်တွင်လည်း ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ (အိန္ဒိယ-မြန်မာနယ်စပ်) ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment