10 November, 2012

199 အလုပ်မဖြစ် .. ...


အရေးပေါ် အခြေအနေများနှင့် ရဲတပ်ဖွဲ့၏ အကူအညီကို ပြည်သူများ လွယ်ကူစွာ ရရှိစေရန် ဆက်သွယ်အသုံးပြုနိုင်သော ၁၉၉ ဖုန်းအား ဆက်သွယ်ရာတွင် ခေါ်ဆို၍မရခြင်း၊ ဖုန်းမကိုင်ခြင်းများ ရှိနေကြာင်း ရန်ကုန်မြို့ရှိ ယင်းဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီတောင်းခံရန် ကြိုးစားခဲ့သူအချို့က လူထုပုံရိပ်သို့ ဆက်သွယ်ပြောကြားသည်။ အဆိုပါ ပြောဆိုချက်များအား အတည်ပြုနိုင်ရန် လူထုပုံရိပ်မှ အောက် တိုဘာလ ၂၇ ရက်နေ့ စနေနေ့တွင် ၁၉၉ သို့ သုံးလေးကြိမ်ခန့် ဆက်သွယ် ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိသည်ကို တွေ့ရပါသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ထပ်မံဆက်သွယ်ရာ တာ ဝန်ရှိသူတစ်ဦးက လက်ခံဖြေကြားခဲ့ သည်။ လူထုပုံရိပ်မှ ၁၉၉နှင့် ပတ် သက်သည့်ဆက်သွယ်မှုအခြေအနေ များ၊ ပြည်သူများ၏ အခက်အခဲများ၊ အကူအညီတောင်းခံနိုင်မှု အခြေအနေ များကို မေးမြန်းရာ ဖုန်းလက်ခံဖြေကြား သူက မိမိတို့ထံ ဆက်သွယ်အကူအညီ တောင်းခံသည့် မှတ်တမ်းများကို ခရိုင် ရုံများတွင်သာ တောင်းခံစေလိုကြောင်း၊ ၁၉၉ အားဆက်သွယ်ရာတွင် ဖုန်းလိုင်း များမအားခြင်း၊ ဖုန်းမကိုင်ခြင်းမှာ အလုပ်အလွန်များ၍ဖြစ်ကြောင်း၊ ဆက်သွယ်သူအများစုမှာ ၁၉၉ အား သတင်းအမှားများပေးခြင်း၊ နောက် ပြောင်ခြင်းများ မကြာခဏပြုလုပ်လေ့ ရှိကြောင်း၊ ယင်းအချက်များကြောင့် မိမိတို့အနေဖြင့် အချို့သတင်းပေးချက် များအား သွားရောက်စစ်ဆေးခြင်း မရှိကြောင်း၊ အဓိကအချက်မှာမူ နောက်ပြောင်မှုများကြောင့် ရဲနှင့် ပြည်သူတစ်ဦးနှင့်တစ်ဦး အယုံအကြည် ကင်းမဲ့လာခြင်းဖြစ်ကြောင်း လူထုပုံရိပ် သို့ပြောကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကအဓိက ဖုန်းလိုင်းမလုံလောက်ဘူး၊ ဝန်ထမ်း အင်အားလည်း မလုံလောက်ဘူး။ ရဲစခန်းတွေက သတင်းတွေနဲ့တင် အဲ့ဒီကဝန်ထမ်းတွေ အလုပ်အရမ်းများ နေတာ}}ဟု လူထုပုံရိပ်သို့ရှင်းပြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုတွင် င်း ၁၉၉ အား ခရိုင်ရုံးများတွင်ချထားပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များက နေ့စဉ်အစီ ရင်ခံစာများကို င်း ၁၉၉ ဖြင့် ဆက်သွယ်ရခြင်းဖြစ်သည့်အတွက် ဖုန်းလိုင်းများမအားလပ်ရခြင်းဖြစ် ကြောင်း င်းက ထပ်လောင်းပြောကြား သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲအင်အား အလုံအလောက် မရှိခြင်း ကြောင့် မြို့နယ် ရပ်ကွက်လှည့်ကင်း များ လှည့်ပတ်မှုနည်းပါးနေကြောင်းကို ခရိုင်ရဲမှူးကြီးများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပြောကြားထားသည်။ 

No comments:

Post a Comment