05 October, 2012

ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဆန္ဒထုတ်ဖော် ..

ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်းမှ သံဃာတော်များ ဦးဆောင်သည့် သံဃာတော် အပါး ၁၀၀ ကျော်မှ ယနေ့ (အောက်တိုဘာလ ၅ ရက်နေ့) မွန်းလွဲ ၁ နာရီ အချိန်ခန့်က အင်းလျားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော် တောငးဆိုမှုများကို မိနစ် ၂၀ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ သံဃာတော်များသည် စက်တင်ဘာလ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်း ဒေသများရှိ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းများနှင့်စေတီ၊ လူနေအိမ်များ ဖျက်ဆီးခံခဲ့ရမှုနှင့် ဆက်စပ်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

News of Myanmar


No comments:

Post a Comment