05 October, 2012

အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော ..


စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ကြိုဆိုကြသူတွေဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတင်မကပဲ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ရှေ့မှာပါ လာရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လာရောက်ကြိုဆိုကြတဲ့ ပြည်သူ တွေကို ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့နေအိမ်ရှေ့မှာပဲ ညီညီညွတ်ညွတ်နဲ့ အလုပ်တွေ ဆက်လုပ်ဖို့လို ကြောင်း နဲ့ ဒီအချိန်ဒီကာလဟာ အခက်အခဲဆုံးကာလဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

No comments:

Post a Comment