01 April, 2013

သင်္ကြန်ကာလ နီးလာသော်လည်း စက်သုံးဆီဈေး ငြိမ်လျက်ရှိ ..


နှစ်စဉ် သင်္ကြန်ကာလ နီးကပ်လာသည့် အချိန်တိုင်း စက်သုံးဆီ ဈေးကွက် လှုပ်ရှားမှု ဖြစ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ငြိမ်သက်လျက် ရှိနေကြောင်း  စက်သုံးဆီ ရောင်းသူများက ဆိုသည်။


“သင်္ကြန်ရက်တွေမှာ ကားနဲ့ လည်ပတ်ဖို့အတွက် စက်သုံးဆီ ကြိုတင်ဝယ်ယူ စုဆောင်းသူတွေကြောင့် စက်သုံးဆီဈေး တက်လေ့ရှိတယ်။ ဒီနှစ်ကျတော့ ပုဂ္ဂလိက ဆိုင်တွေကရော ပြင်ပဆိုင်တွေကရော စက်သုံးဆီ လိုသလောက် ရောင်းပေးနိုင်တဲ့ အနေအထားကြောင့် ဈေးငြိမ်နေတယ်” ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ဗဟိုလမ်းပေါ်ရှိ ပြင်ပ ဈေးကွက် စက်သုံးဆီ ရောင်းချနေသူ ဦးလှိုင်မင်း က ပြောသည်။
ပြင်ပ စက်သုံးဆီဈေးကွက်တွင် ဒီဇယ် ၁ ဂါလံလျှင် ၃,၆၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ၃,၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဓါတ်ဆီကိုမူ ၄,၀၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ၄,၂၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။
“မန္တလေး ပြင်ပ စက်သုံးဆီ ဈေးကွက်မှာ ဓါတ်ဆီိ ၁ ဂါလံကို ၃,၈၀၀ ကျပ်နဲ့ ဝယ်ပြီး ၄,၀၀၀ နဲ့ ရောင်းနေပါတယ်။ ဒီဇယ်ကို ၃,၆၀၀ နဲ့ ဝယ်ပြီး ၃,၈၀၀ ကျပ်နဲ့ ရောင်းပါတယ်” ဟု မန္တလေး ပြင်ပ စက်သုံးဆီ ဈေးကွက်တွင်
ရောင်းချနေသူ ဦိးထွန်းခိုင် က ပြောသည်။
မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော စက်သုံးဆီများကို ပြင်ပနိုင်ငံများမှ တင်သွင်းလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ ဧပြီမှ ဒီဇင်ဘာလကုန်အထိ စက်သုံးဆီစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၈,၈၄၃ သန်းဖိုး တင်သွင်းအသုံးပြုလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန် (မဇ္ဈိမ)

No comments:

Post a Comment