02 April, 2013

၄၈ လမ်းမီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သွားရောက် စစ်ဆေး ကြည့်ရှု ..


၄၈ လမ်း မီးလောင်မှုဖြစ် ပွား ရာသို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ လည်း သွားရောက် စစ်ဆေး ကြည့်ရှု ခဲ့သည်။
မီးသတ် ဦးစီး ဌာနမှ သတင်း အရ အပေါ်ထပ် ၀င်ပေါက်မှာ တစ်ခု တည်း သာရှိပြီး၊ ပြူတင်း ပေါက် များတွင် သံတိုင် များ ကာရံ ထားသည့် အတွက် မီးလောင်မှု ဖြစ်ချိန်တွင် အတွင်း ၀ယ်ရှိနေ သူများ ပိတ်မိ ခြင်းဖြစ် ကြောင်း သိရသည်။


အသက် ဆုံးရှုံး သွားသူ များမှာလည်း ယင်းပြူ တင်းပေါက် များမှ ထွက်ရန် ကြိုးစားရင်း ဆုံးပါး ရခြင်းဖြစ် ကြောင်းသိ ရသည်။
"မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသ ထုတ်လွှင့် ပေးခဲ့ ပါတယ်။
အဲဒီ ပုံကို ကြည့်ရင် ဗလီရဲ့ ပြင် ပနံ ရံများ မီးဟပ် ထားတာ လုံးဝ မရှိကြောင်း၊ အဆောက် အဦအပြင် ဘက်မှာ မီးလောင် ကျွမ်း ထားတာ
မရှိကြောင်း၊ အပေါ် ထပ်ပြူ တင်းပေါက် များရဲ့ အတွင်း ဘက်မှာသာ မီးဟပ် ထားကြောင်း တွေ့ နိုင်ပါတယ်။
ဒါ့အပြင် ဗလီ ၀င်ပေါက်ကို သံတခါးနဲ့ သော့ ခတ်ထား တဲ့အ တွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက် ၀င် ခဲ့ရကြောင်း မျက်မြင် သက်သေများ ရဲ့ ပြောကြားချက်ကို တွေ့ နိုင်ပါတယ်။
ဒါ့ကြောင့် အပြင် ကနေ မီးရှို့ တယ် ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်း တင်ပြအပ်ပါတယ်"ဟု ပြန်ကြား ရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောပါသည်။
ယခုအခါ ယင်းမီး လောင်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးတွင် သတင်း စာရှင်း လင်းပွဲပြု လုပ်နေကြောင်း သိရသည်။

popular

No comments:

Post a Comment