မင်္ဂလာဈေး
ရန်ကုန်၊ မတ် ၂၅
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက
အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်နေပြီး ယင်းသတင်း များမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း
လူစုလူဝေးများဖြစ်ပေါ် နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍
အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက
The Voice Weekly သို့ ပြေကြားသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင
“မြို့နယ်မှုးရော၊ ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ
ယခုဖြစ်စဉ်များမှာ အဖွဲ့အစည်း တစ်ခုခုက မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ရန်သေချာကြောင်း၊ အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့် သည်မျိုးဆောင်ရွက် သင့်ကြောင်း၊ နှစ်ဘက်ဘာသာရေး အဖွဲ့အစည်းများကလည်း သတင်းအမှားများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းသင့်ပြီး သံသယစိတ်များနှင့် စောင့်ကြည်သည်မျိုး မလုပ်သင့်ကြောင်း၊ အစိုးရကလည်း ပြည်သူများ ထိတ်လန့်မှုမရှိစေရန် မီဒီယာများမှတစ်ဆင့် ဖြစ်ရပ်မှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေသင့်ကြောင်း နိုင်ငံရေးသမားများနှင့်
လေ့လာသူများက ပြောကြားသည်။
Voice
No comments:
Post a Comment