photo-Google
ဒေါ်အောင်ဆန်းစုကြည်က မုံရွာတဘက်ကမ်း
ဆားလင်းကြီးမြို့နယ်က ဒုံးတောရွာက ဒေသခံတွေကို ပြောကြားရမှာ သူ ဦးဆောင်တဲ့ လက်ပံတောင်း
စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင် အထည်ဖော်မယ့် အဖွဲ့တွေ
လာမယ့် မတ်လ ၁၅၊ ၁၆၊ ၁၇ မှာ ဒေသတွင်းကို ကွင်းဆင်းမယ်၊ သိမ်းဆည်းခဲ့တဲ့ မြေယာတွေအတွက်
ကာလပေါက်ဈေးနဲ့ လျော်ကြေးတွေ ပေးသွားမယ်လို့ ပြောပါတယ်။
စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်တယ်၊ ဒါဟာလည်း တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် သူ ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မှတ်ချက်တွေကြောင့် သူ့ကို ဒေသခံလူထုက မကျေနပ်ဘူးဆိုရင် သူ့ကို ဆန္ဒြုပကြဖို့ ဖိတ်ခေါ်သွားပါတယ်။
သူ့ကို ဘယ်နေရာမှာ ဘယ်လို ဆန္ဒပြနိုင်မှာလဲလို့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရန်ကုန်ပဲဖြစ်ဖြစ်၊ နေပြည်တော်ပဲဖြစ်ဖြစ် သူ့အိမ်ရှေ့မှာ ဆန္ဒပြနိုင်တာကို ဆိုလိုတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကို လိုက်ပါရယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ထူးခြားမှုတခုကတော့ ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လက်ပံတောင်း ကြေးနီစီမံကိန်းကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတဲ့ ခံစားခွင့် စာချုပ်ကိုလည်း အများ မြင်သာအောင် ပြန်လည်ချုပ်ဆိုမယ်၊ အဲဒီအတွက်ကိုလည်း စစ်တပ်ပိုင် ဦးပိုင်ကရော တရုတ်ပိုင် ၀မ်ပေါင် ကုမ္ပဏီကရော သဘောတူထားပြီး ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
မုံရွာအတနီးတ၀ိုက် ဒေသခံတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကလို များများစားစား နွေးထွေးမှု မရှိတော့ဘဲ သာမန်နွေးထွေးမှု ဒါမှမဟုတ် တချို့နေရာတွေမှာ သာမန်အောက် နွေးထွေးမှုသာ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
BBC
No comments:
Post a Comment