ဖေဖေါ်ဝါရီ(၁၄)ရက်
ချစ်သူများနေ့ဆိုပြီး ကောင်းတာများလုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို
အင်တာနက်မှာဖတ်ရတဲ့အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်းရရင် ပြောင်းလိုက်ချင်သေးတယ်။
( Valentine
Day အတွက် ဗဟုသုတ ရစေရန် ရည်ရွှယ်ပါတယ် )
ဘာတွေလုပ်ကြသလဲဆိုတာတော့
ဦးဦးမှော်စရာဂရုမေးလ်ထဲမှာ ဒါလေးဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ်လူကြီးမရွေး
ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာဂရုမေးလ်မှာ ရေးထားတာကတော့တလောက
ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေအတွက်အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို
ဂုဏ်ပြုတဲ့ အနေနဲ့ဖြစ်လာတဲ့ ဒီချစ်သူများနေ့ဟာဆိုရင် အခုနောက်ပိုင်း တစ်လွဲဆံပင်ကောင်းသူတွေကြောင့်ကမ္ဘာပေါ်မှာ
HIV/AIDS အကူးခံရမှုအများဆုံးနေ့တစ်နေ့ ဖြစ်လာသည်ဟုဆောင်းပါးရှင်က ပြောထားပါတယ်။ မနှစ်က
ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရဆိုရင်
မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ရက်နေ့မှာ
နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့်ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး
လူအားသွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။
ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ်မည်ဟုတွေးထားသော မိန်းကလေးများလဲ အများအပြားရှိသလို ကိုယ့်ချစ်သူရဲ့အပျိုစင်ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲရှိသည်။ သို့သော်မိမိက အပျိုစင် လူပျိုစစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြားလူတစ်ယောက်နဲ့
ဆက်ဆံဖူးသလားဆိုတာကို သေချာသိသည့် လူကနည်းပါသည်။ ထို့အတွက်အကာကွယ်မဲ့လိင်ဆက်ဆံကြပြီးရောဂါပိုးကူးသူဒုနဲ့ဒေးဖြစ်ခဲ့ရ သည်။ မနှစ်က ဖေဖော်ဝါရီတတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ်လူမှုရေးဆိုဒ်တစ်ခုအဆိုအရ တစ်ကမ္ဘာလုံးတွင်
၂၀၁၁ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း၁၅၀ကျော်မှ ရှိပြီး။
နှစ်စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆သိန်းကျော်မျှရှိသည်
ဟုသိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ၌ ရောဂါပိုးကူးစက်ခံသူ
၃သိန်းမျှအထိ ရှိသည်ဟု သိရသည်။
အများစုမှာအသက်၂၀မကျော်သူများဖြစ်ကြပြီးကောလိပ်၊တက္ကသိုလ် ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုးရှိသူများ၏ ၂၀%သည် မိမိချစ်သူ
ခင်ပွန်းထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေးအသင်းအဖွဲ့တစ်ခုမှ
တာဝန်ခံကပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TBဟုအမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊မည်သည့်ရောဂါမှန်းမသိပဲသေဆုံးသူ၅၀၀၀ကျော်ခန့်ရှိ သည်ဟုကျမ်းမာရေးဋ္ဌာနတွင် ဒုညွှန်တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။
လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင်သူ့ဟိုတယ်မှာ လာနေသူအများစုမှာ ၂၀ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။
နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ
ဒေါ်လာလေးဘီလျှံနှင့်အထက်တွင်ရှိနိုင်သည်ဟု OXFORD တွင် တက်နေသောစီးပွားရေးအထူးပြုကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်းပြောကြားခဲ့သည်ကို မနှစ်က လေးလပိုင်းက ဖတ်လိုက်ရသည်။ မြန်မာနိုင်ငံတွင်ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ကျော်မှအထိယူသည်ဟုသိရသည်။
ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့
အလွန်ကောင်းလှပြီး လူမှုရေးအဖွဲ့အစည်းများကို လှူမယ်ဆို
မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ
လူ့အခွင့်အရေးခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှုအန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့်ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီးဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက်ရှင်သန်နေသည့် နိုက်ကလပ်များဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြားရှိပြီးထိုင်းနိုင်ငံမှာ ရောဂါပိုးကူးဆက်ခံရပြီး မြန်မာလူမျိုးများ
မိမိတိုင်းပြည်အတွင်းပြန်ဝင်ရောက်လာခြင်းမှာလဲရင်လေးစရာကိစ္စဖြစ်သည်။
လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့
လူသားများဟာ တိရစ္ဆာန်နဲ့မခြားဖြစ်လာပြီး အရှက်အကြောက်လဲ
နည်းသထက်နည်းလာခဲ့ကြသည်။ အဝတ်အစားဖက်ရှင်များ အနေအထိုင်ရဲတင်းမှုများစသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။
လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ
မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင်ရဲတင်းစွာ ဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ်မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။ ထို့အတွက်ဖြင့်ပဲကလေးဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီးသားသမီးစွန့်ပစ်မှုနှုန်းများလဲ တက်လာခဲ့သည်။ တချိန်ကအလွန်ယဉ်ကျေးလှသောမြန်မာလူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော်ပျက်ဆီးခြင်းမဖြစ်စေချင်တာက ဆန္ဒအမှန်ပါ။
နောက်လူတွေရဲ့စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ
လုပ်ဖို့တွေးနေကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့
လုပ်တဲ့ကိစ္စကိုပဲ ကြည့်ပါ။ နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ
ကျွန်တော့်ကိုလာလာမေးကြပါတယ် အဲ့နေ့ဘာလုပ်မလဲတဲ့။ ကျွန်တော်ကတော့တစ်ယောက်တည်းပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။ သေချာရှင်းပြတော့ထပ်မေးကြပြန်ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကိုသွားပြီးဘာလုပ်မလဲတဲ့။ ဘုရားတွေပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ်အမြင်ကိုမရှိဘူးတဲ့။ တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစားထားခဲ့ဖူးပါတယ်။
တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာမလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။
ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင်ကြတာ ယောက်ျားတိုင်းပါပဲ။ ဒါပေမယ့်
အဲ့လို ချစ်သူတွေ အတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။
ကျွန်တော် ဒီဇင်ဘာလတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။ ၁ပတ်လောက်ကြာပြီးစိတ်မချမ်းမြေ့စရာတွေ တော်တော်တွေ့ခဲ့ရတယ်။ ချို့တဲ့မှုကြားထဲကအသက်ကိုကြိုးစားရှင်သန်နေကြတဲ့ လူတွေကတော့ လေးစားစရာပါပဲ။ ကျွန်တော့်မှာကိုယ်ရေးကိုယ်တာစိတ် အနှောက်အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့သေရင်သေဆိုပြီး ကချင်တက်သွားတာပါ။ မသေခင်မှာကောင်းမှုကုသိုလ်လေးတစ်ခုလောက် လုပ်မယ်ဆိုပြီးအခြေခံဆေးဝါး၃သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။ ဟိုရောက်တော့အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည်စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။
ထိုမှဆရာဝန်တချို့ပြောပြချက်အရအဝတ်အစား၊စားစရာနဲ့တခြားပစ္စည်းများမှာ လှူဒါန်းသူများသဖြင့်အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။နေစရာချို့တဲ့မှုကြောင့် အအေးပတ် အဆုတ်ရောင် ဖျားနာ စသော ရောဂါငယ်များဖြစ်ပွားပြီး ဆေးဝါးမလုံလောက်မှု များစွာ ကြုံရကြောင်း ထို့အတွက်
မလိုအပ်ပဲ အသက်ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ
လာရောက် ခိုလှုံနေသူတစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာနမထားပဲဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့။ကျွန်တော် ရှက်သွားတယ်။
ရန်ကုန်မှာပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့
အန္တာရယ်ကြားထဲသွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ်ကြားကနေအသက်ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့တစ်ယောက်ပါပဲ။ အသက်ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ
အကျိုးမရှိကုန်မယ့် အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို
လှူဒါန်းသင့်ကြောင်းပါ။ ချစ်သူများနေ့မှာ နောက်ဘဝ ကိုယ်ချစ်တဲ့သူနဲ့
ဆုံဆည်းရအောင် အခုကတည်းက ကောင်းမှုအတူလုပ်ရင်း ပါရမီဖြည့်ကြဖို့
တိုက်တွန်းပါရစေ။

အရှင်ကောမလ(ခ) ဆန်နီနေမင်း
No comments:
Post a Comment