The
Voice Weekly ၏ Facebook စာမျက်နှာ တိုက်ခိုက် ခံရလျှက်ရှိပြီး ယခုအချိန်ထိ လုံးဝပြန်မရသေးသဖြင့်
လူထုမှဝမ်းသာလျှက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ တိုက်ခိုက်ရာတွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ Cover Photo ကို ပြောင်းလဲခဲ့ကာ ပထမ ပြောင်းလဲခဲ့သော Cover Photo တွင် Anonymous Myanmar စာသားကို ဖော်ပြခဲ့ပြီး “We are Anonymous Myanmar! We are Legion! We do not forgive! We do not forget! Expect us!” ဟူ ၍ ဖော်ပြခဲ့သည်။ ဒုတိယ အကြိမ် ပြောင်းလဲခဲ့သော Cover Photo တွင် "Security Compromised By MMCF" ဟု ဖော်ပြခဲ့ပြီး "This attack is in response to the injustice against the Myanmar Muslim People"ဟု ရေးသားခဲ့ပါသည်။
တိုက်ခံရပြီး မိနစ် ၃၀ ခန့်ကြာချိန်တွင် "Security Compromised By MMCF" ဟု ဖော်ပြခဲ့ပြီး "This attack is in response to the injustice against the Myanmar Muslim People"ဟု ရေးသားခဲ့သည့် Cover Photo မှာ ကွယ်ပျောက်သွားခဲ့ပါသည်။ အဆိုပါ Cover Photo ကွယ်ပျောက် သွားခြင်းနှင့်အတူ The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ၏ status နေရာများတွင်လည်း "Go to hell MMCF u r memeber will arrested in next 24 hours! We are On trick" နှင့် "Bloody hell MMCF where are You? We will upload your cover photo and you all are happy??????" အစရှိသော စာသားများကို ရေးသားခြင်း ခံခဲ့ရပါသည်။
မီဒီယာကျင့်ဝတ်သိက္ခာမရှိခြင်းကြောင့် The Voice ၏ Website အား DDos ဖြင့် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး http://www.blinkhackergroup.org/ ၏ အင်တာနက် စာမျက်နှာတွင် Eleven Media Hack ခံရမှု နှင့်ပတ်သက်၍ The Voice လို ဖြစ်ချင်သလားဟု မေးခဲ့ခြင်းမျိုး ရှိခဲ့ဖူးသည်။
မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် တိုက်ခိုက်သည်ဖြစ်စေ facebook ပေါ်မှ စာဖတ်ပရိတ်သက်များက ကျေးဇူးတင်လျှက်ရှိ ကြောင်းသိရပြီး The Voice ၏ Facebook တွင် Ban ထားသော အမှန်တရားမြတ်နိုးသူ မြန်မာပရိတ်သက် တစ်သောင်းကျော်ရှိကြောင်းသိရသည်။
The Voice Weekly ဂျာနယ်သည် အပြစ်မဲ့မြန်မာမိန်းခလေးတစ်ဦးအား ဓာတ်ပုံရိုက်ကာ ပြည့်တန်ဆာ တစ်ဦးကဲ့သို့ လုပ်ကြံသတင်းတင်ခဲ့ဖူးပြီး ထိုသတင်းကြောင့် ကာယကံရှင်မိန်းကလေးမှာ အလုပ်ထွက်ခဲ့ရသည့်အပြင် စိတ်ဝေဒနာခံစားခဲ့ရသော်လည်း The Voice Weekly မှ တောင်းပန်ခြင်းလုံးဝ မရှိခဲ့သဖြင့် မြန်မာလူထုတစ်ရပ်လုံးမှ စိတ်ပျက်နေကြောင်း သတင်းရရှိပါသည်။
The
Voice Weekly
No comments:
Post a Comment