Monday, 04
February 2013 14:24
ပြည်တွင်း သတင်းမီဒီယာ တစ်ခုဖြစ်သည့် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကို Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တစ်ဖွဲ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီ မိနစ် ၂၀ အချိန်က တိုက်ခိုက်(Hacked) ခံခဲ့ရ ကြောင်း သိရှိရပါသည်။

တိုက်ခံရပြီး မိနစ် ၃၀ ခန့်ကြာချိန်တွင် "Security Compromised By MMCF" ဟု ဖော်ပြခဲ့ပြီး "This attack is in response to the injustice against the Myanmar Muslim People"ဟု ရေးသားခဲ့သည့် Cover Photo မှာ ကွယ်ပျောက်သွားခဲ့ပါသည်။ အဆိုပါ Cover Photo ကွယ်ပျောက် သွားခြင်းနှင့်အတူ The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာ၏ status နေရာများတွင်လည်း "Go to hell MMCF u r memeber will arrested in next 24 hours! We are On trick" နှင့် "Bloody hell MMCF where are You? We will upload your cover photo and you all are happy??????" အစရှိသော စာသားများကို ရေးသားခြင်း ခံခဲ့ရပါသည်။
တိုက်ခိုက်ခံခဲ့ရပြီး အချိန် တစ်နာရီကျော် ကြာချိန်အထိ The Voice Weekly ဂျာနယ်၏ Facebook စာမျက်ကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်းသိရှိရပါသည်။
The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကို Like ပြုလုပ်ထားသူ အရေအတွက်မှာ ၁၀၂၅၉၇ ဦး ရှိပါသည်။
No comments:
Post a Comment