08 February, 2013

အကောင်းဆုံး ရုပ်ရှင်ဆုကို ရရှိပြန်သည့် ဂျိမ်းစ်ဘွန်းဇာတ်ကား Skyfall....


ဂျိမ်းစ်ဘွန်းဇာတ်ကား၏ ၂၃ကားမြောက် ဇာတ်ကားကောင်း တစ်ကားဖြစ်သည့် Skyfall ရုပ်ရှင် ဇာတ်ကား သည် လန်ဒန်မြို့တွင် ကျင်းပသော Evening Standard ဆုပေး ပွဲတွင်၂ဝ၁၂ ခုနှစ်၏ အကောင်းဆုံး ရုပ်ရှင်ဆုကိုချီးမြှင့် ခံရသည်။ 


Skyfall ရုပ်ရှင် ဇာတ်ကားသည် ၂ဝ၁၂ ခုနှစ်အတွင်း ဗြိတိန် နိုင်ငံ၏ box ofce ထိပ်တန်း ဇာတ်ကား ၁ဝ ကားတွင် ရွေးချယ် ခံရပြီးနောက် ယင်းဆုကို ရရှိ ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Evening Standard ဆုပေးပွဲတွင် မင်းသား တိုဘေးဂျုန်းစ်က BerberianSound Studio ဇာတ် ကားဖြင့် အကောင်းဆုံး မင်းသားဆုကို ရရှိခဲ့ ပြီး ဟောလီးဝုဒ် မင်းသမီး AndreaRiseborough က Shadow Dancer ဇာတ်ကားဖြင့် အကောင်းဆုံး မင်းသမီး ဆုကို ရရှိခဲ့ သည်။


No comments:

Post a Comment