06 February, 2013

အမျိုးသမီး စစ်မှုထမ်း များအား စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်စေရေး အမိန့်ပေးရန် အမေရိကန် သမ္မတ တုံ့ဆိုင်း နေမည် မဟုတ်....


အမျိုးသမီး စစ်မှုထမ်း များအား စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်စေရေး အမိန့်ပေးရန် အတွက် တုံ့ဆိုင်း နေမည် မဟုတ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့ပြီး
 
လက်တွေ့ သာဓက အနေဖြင့် အမျိုးသမီး များသည် စစ်ဆင်ရေး များ၌ ပါဝင် ထမ်းဆောင်လျက် ရှိနေပြီး ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါသည်။ စစ်ဆင်ရေး၌ အမျိုး သမီးများအား တာဝန် ထမ်းဆောင်ရန် ပင်တဂွန်၏ တားမြစ်ချက်ကို အဆုံးသတ်ရန် အမိန့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်အား သမ္မတ အိုဘားမားက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဥပဒေ အရ အမျိုးသမီး စစ်မှု ထမ်းများအား မြေပြင် တိုက်ခိုက်ရေး တပ်ဖွဲ့ငယ် များတွင် တာဝန် ပေးအပ်ခြင်းကို တားမြစ် ထားပါသည်။

မြ၀တီ အင်တာနက်စာမျက်နှာ

No comments:

Post a Comment