05 February, 2013

ကလေးတွေအားလုံး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတယ်ပြောတဲ့ နိုင်းနိုင်း ...


အနုပညာသက်တမ်း ၁၀နှစ်ကျော်ခဲ့ပြီဖြစ်ပြီး မကြာမီကမှ သမီးလေးတစ်ဦး ထပ်မံပိုင်ဆိုင်ထားကာ ရင်သွေးသုံးဦး၏ ဖခင်ဖြစ်လာသော နိုင်းနိုင်းက ကလေးငယ်များကို အမေရိကန်နိုင်ငံသားအဖြစ်သာ ခံယူထားရသေးကြောင်း နိုင်းနိုင်း၏ဇနီးသည်က ပြောကြားသည်။
    “-လောလောဆယ်တော့ ကလေးတွေက ဟိုမှာကျောင်းပြန်တက်ချင်တက်မှာပေါ့။ သူအမေကလည်း ကျောင်းမပြီးသေးတော့ ကျောင်းပြန်တက်ဖို့တော့ အစီအစဉ်ရှိတယ်”ဟု နိုင်းနိုင်းကပြောသည်။
၎င်းတို့၏သမီးအငယ်ဆုံးကို ဇန်န၀ါရီ ၈ ရက်က ပန်းလှိုင်ဆေးရုံတွင် မွေးဖွားခဲ့ပြီး သမီးနှစ်ယောက်၊ သားတစ်ယောက် ရရှိထားသည်။
နိုင်းနိုင်းသည် ထုတ်လုပ်ရေးနှစ်ခုဖြင့် လက်တွဲကာ ဇာတ်ကားများရိုက်ကူးရန် ဆွေးနွေးတိုင်ပင်နေပြီး ကြော်ငြာများလည်း ရိုက်ကူးနေကြောင်း
သိရသည်။
“မရိုက်ခင်ဘဲ ဆွေးနွေးလို့ရမှာ။ ရိုက်ပြီးရင်တော့ ဘာမှဆွေးနွေးလို့ မရတော့ဘူး။ သိပ်ကွဲကွဲပြားပြားကြီး လုပ်နိုင်သေးတဲ့ အခြေအနေလည်း မရှိသေးဘူးဆိုတော့ ဇာတ်လမ်းက အရင်ပုံစံမျိုး ဆင်တူယိုးမှားဆို မရိုက်ချင်တော့ဘူး။ ကျွန်တော် မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်၊ မရိုက်ဖူးသေးတဲ့ ဇာတ်လမ်းဆို စိတ်ဝင်စားတယ်”ဟု နိုင်းနိုင်းကပြောသည်။

No comments:

Post a Comment