08 February, 2013

အကျင့်ပျက်အစိုးရဝန်ထမ်း အရေးယူမှု လွှတ်တော်အားရမှုမရှိ ...


ပြည်သူတွေအပေါ် ကျူးလွန်ခဲ့သော အစိုးရဝန်ထမ်းများ၏ မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားချက်များမှ (၅)ပုံ (၁)ပုံ လောက်ကိုသာ အစိုးရက အရေးယူ ဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိသေးကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်သည်။
 
ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးပွဲတွင် အကျင့်ပျက်ဝန်ထမ်းတွေအပေါ် ပြည်သူတို့ရဲ့ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်မှုနေမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖြေကြားချက်ကို ပြည်သူတို့ရဲ့ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီ ဥက္ကဌ ဦးအောင်ငြိမ်းက ဖတ်ကြားခဲ့သည်။
ယင်းဖတ်ကြားစာတွင် ၂၀၁၁ ခုနှစ် ဧပြီ ၁ရက်နေ့မှ ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၁)နေ့အထိ ဝန်ကြီးဌာနတွေက အမှုထမ်းပေါင်း တစ်သောင်း ခုနှစ်ထောင်လောက်ကို အရေးယူခဲ့ကြောင်း သိရသည်။
ထိုသို့ အရေးယူတဲ့အထဲ၌ စာနဲ့သတိပေးခံရသူပေါင်း ၄၃၃၃ဦး ၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူပေါင်း ၈၁၆ဦး ၊ ရာထူးတိုးမှု ရပ်ဆိုင်းခံရသူပေါင်း ၁၈၅ဦး ၊ လစာနှုန်းအတွင်း အလျှော့ခံရသူ ၂၅၆၆ဦး ၊ ရာထူးလျှော့ခံရသူ ၈၉၈ဦး ၊ လစာမှလျှော့တာ (၈၀)ဦး ၊ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၁၃၄ဦး ၊ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁၇၃၈ ဦး ၊ တာဝန်က ထုတ်ပယ်ခံရသူ (၄၉၇၃)ဦး ၊ စုစုပေါင်း အရေးယူခံရသူဦးရေ ၁၅၇၂၃ ဦး ရှိကြောင်း သိရသည်။
ပြည်ထဲရေးဌာနမှ အရေးယူမှုတွင် ရှုံ့ချခံရသူ ၈၇ဦး ၊ ရဲအချုပ်ထောင်မှာ ထောင်ကျသူ ၃၈၀ဦး ၊ ရဲအမှုထမ်းသက် အလျှော့ခံရသူ ၆၈၉ဦး ၊ ပင်စင်ပေးခံရသူ ၂၀ဦး ၊ ပြောင်းရွှေ့ခံရသူ ၅၂ ဦး ၊ ရဲစည်းကမ်းဖောက်ဖျက်သူ တစ်ဦး ၊ စုစုပေါင်း ၁၂၂၉ ဦး ရှိကြောင်း သိရသည်။
ထို့ကြောင့် စုစုပေါင်း အရေးယူခံရသူပေါင်း ၁၆၉၅၂ ဦး ရှိကြောင်း သိရသည်။ အရေးယူခံရသူအများစုဟာ တရားရေးဌာနနဲ့ ပြည်ထဲရေးဌာနက ဖြစ်ပြီး အစိုးရဝန်ထမ်းများ၏ မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားချက်များမှ (၅)ပုံ (၁)ပုံ လောက်ကိုသာ အစိုးရက အရေးယူ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

DVB

No comments:

Post a Comment