တရားဥပဒေစိုးမိုးရေးကို
စိန်ခေါ်နေမှုများသတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လာရောက်ခဲ့ရာမှ တော်ဝင်နှင်းဆီ
ခန်းမရှေ့တွင် အရိုက်ခံခဲ့ရသော ကိုထင်ကျော်မှ တရားလိုပြုလုပ်၍ ပြစ်မှုကျူးလွန်သူ ရိုးရိုးလေးကိုသိန်းနိုင်ကို
ဗဟန်းရဲစခန်းတွင် တရားစွဲဆိုအမှုဖွင့်ထားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ကိုထင်ကျော်မှ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများသတင်းစာရှင်းလင်း
ပွဲ ပြုလုပ်ရန် တော်ဝင်နှင်းဆီခန်းမရှေ့ရှိ ကားပါကင်ထဲသို့ အရောက်တွင် ရိုးရိုးလေးကိုသိန်းနိုင်မှ
စတင်တိုက်ခိုက်ခဲ့ ရခြင်းဖြစ်ကြောင်း ကာယကံရှင်က ဆိုသည်။
“ခင်ဗျားနာမည် ဘယ်လိုခေါ်လဲလို့မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်းပြီး
ရော သူက ကျွန်တော်ကိုဆဲပြီး ငါ့နာမည်ရိုးရိုးလေးသိန်းနိုင်ကွ
ဆိုပြီး ထိုးတယ်။ ကျန်တဲ့နှစ်ယောက်ကပါဝင်ကန်ေ တာ့ လဲသွားတယ်။ တစ်ယောက်ကပြေးလာပြီး
အသေသတ်ဆိုပြီး ထီးနဲ့ဝင်ရိုက် တယ်။ ဘေးကပရိတ်သတ် ၀င်ဆွဲတဲ့အခါ ကားပေါ် ပြေးတတ်တယ်။
ကျန်တဲ့သူတွေက ခင်ဗျားကား သွားလို့မရဘူး။ ဥပဒေ ကြောင်းအရ စခန်းမှာ ဖြေရှင်းရမယ်လို့
ပြောတော့ ငါ့အနောက်မှာ ဗိုလ်ချုပ်တွေရှိတယ်ကွ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီး ကားပေါ်တက်မောင်းပြေး
သွားတယ်”ဟု ကိုထင်ကျော်က ပြောသည်။
အမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ရိုးရိုးလေး ဦးသိန်းနိုင်သည် ၂၀၀၇ ခုနှစ်က တရားမဝင်လောင်စာဆီ ရောင်းဝယ်မှု ချဲဒိုင်ကိုင်မှုနှင့် ထောင်ဒဏ် (၁၂) နှစ်ကျခံခဲ့ကာ နေသား (၁) နှစ် (၃)လ(၉)ရက်အကြာတွင် နိုင်ငံတော်
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်  ပြန်လည်လွတ်မြောက်လာသူ
ဖြစ်သည်။
လက်ရှိတွင် ကျိုက်ထီးရိုး ဂေါပကအဖွဲ့၏ အာဂတိလိုက်စားမှုတွင် ပါဝင်
သူနေသည့် စီးပွားလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း ကိုထင်ကျော်က ဆိုသည်။
ကိုထင်ကျော်အနေဖြင့် ဗဟန်းရဲစခန်း၌ ဦးသိန်းနိုင်အား အရေးယူမှုများ
ဆောင်ရွက်နိုင်ရန် (ပ)၁၄/၂၀၁၂ - ပုဒ်မ ၂၄၉၊ ပုဒ်မ-၃၂၅နှင့် ပုဒ်မ- ၁၁၄ အစရှိသည့် ပုဒ်မ(၃)ခုဖြင့် အမှုဖွင့် ဆိုထားကြောင်း ဗဟန်းရဲစခန်းမှ သိရသည်။
“ဒီကနေ့ လုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ ဖျက်ခြင်း
ခံလိုက်ရတဲ့အတွက် စိတ်မ ကောင်းပါဘူး။ ခရိုနီတွေကို တိုက်ဖျက်ဖို့အတွက် ခရိုနီတွေက ကျွန်တော်တို့ကို စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာတရားဥပဒေစိုးမိုး မှုကို အဓိကစိန်ခေါ်နေတာက
လက်ဝါးကြီး အုပ်စီးပွားရေးသမား ခရိုနီတွေရဲ့သူတို့အားကိုးတာ ဗိုလ်ချုပ်ကြီးတွေဆိုတာ
တရားဝင်သက်သေ ပြလိုက်တာပဲဖြစ်တယ်။ သူတို့ ကိုယ်တိုင်လည်း သူတို့နောက်မှာ ဗိုယ်ချုပ်တွေရှိတယ်လို့
ကြွေးကြော် သွားတာပါပဲ”ဟု ကိုထင်ကျော်က ပြောသည်။
အဆိုပါ ဦးထင်ကျော်အား ခိုက်ရန်ဖြစ်ပွားမှုကြောင့် တော်ဝင်နှင်းဆီခန်းမမှ
တာဝန်ရှိသူများက ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်း ဖျက်သိမ်းခဲ့ရသည်။
Myit Makha Mediagroup
ဗဟန်းရဲစခန်းတွင် တရားစွဲဆိုအမှုဖွင့်ထားကြောင
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူ ကိုထင်ကျော်မှ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများသတင်းစာရှင်
“ခင်ဗျားနာမည် ဘယ်လိုခေါ်လဲလို့မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်းပြီး
ရော သူက ကျွန်တော်ကိုဆဲပြီး ငါ့နာမည်ရိုးရိုးလေးသိန်းနိ
အမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ရိုးရိုးလေး ဦးသိန်းနိုင်သည် ၂၀၀၇ ခုနှစ်က တရားမဝင်လောင်စာဆီ ရောင်းဝယ်မှု ချဲဒိုင်ကိုင်မှုနှင့် ထောင်ဒဏ် (၁၂) နှစ်ကျခံခဲ့ကာ နေသား (၁) နှစ် (၃)လ(၉)ရက်အကြာတွင် နိုင်ငံတော်
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင်
လက်ရှိတွင် ကျိုက်ထီးရိုး ဂေါပကအဖွဲ့၏ အာဂတိလိုက်စားမှုတွင် ပါဝင်
သူနေသည့် စီးပွားလုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်း ကိုထင်ကျော်က ဆိုသည်။
ကိုထင်ကျော်အနေဖြင့် ဗဟန်းရဲစခန်း၌ ဦးသိန်းနိုင်အား အရေးယူမှုများ
ဆောင်ရွက်နိုင်ရန် (ပ)၁၄/၂၀၁၂ - ပုဒ်မ ၂၄၉၊ ပုဒ်မ-၃၂၅နှင့် ပုဒ်မ- ၁၁၄ အစရှိသည့် ပုဒ်မ(၃)ခုဖြင့် အမှုဖွင့် ဆိုထားကြောင်း ဗဟန်းရဲစခန်းမှ သိရသည်။
“ဒီကနေ့ လုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ ဖျက်ခြင်း
ခံလိုက်ရတဲ့အတွက် စိတ်မ ကောင်းပါဘူး။ ခရိုနီတွေကို တိုက်ဖျက်ဖို့အတွက် ခရိုနီတွေက ကျွန်တော်တို့ကို စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာတရားဥပဒေစိုးမိုး
အဆိုပါ ဦးထင်ကျော်အား ခိုက်ရန်ဖြစ်ပွားမှုကြောင့် တော်ဝင်နှင်းဆီခန်းမမှ
တာဝန်ရှိသူများက ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်း
Myit Makha Mediagroup

No comments:
Post a Comment