ရောက်အမှုဖွင့်တိုင်ကြားခဲ့သ ည်။
Mr Hasegawa Wataru သည်ထိုနေ့မနက် ၅နာရီကျော်ခန့်ကပင် နေထိုင်ရာအခန်းမှထွက်သွားခဲ့ ပြီး ပြန်မလာသည့်အတွက် ၎င်းအလုပ်လုပ်နေသော ကုမ္ပဏီမှ ညှိနှိုင်းရေးမှုးတစ်ဦးက
လာရောက်အမှုဖွင့်ခဲခြင်းဖြစ် သည်။ ၎င်းမှာ JFE Engineering Company တွင်အလုပ်လုပ်နေပြီး
သူ၏တာဝန်မှာ လက်ထောက်တာဝန်ခံပြီး Golden Hill Towerတွင်လွန်ခဲ့သော ၂ နှစ်ခန့်ကပင် နေထိုင်နေသူဖြစ်၍
Passport ပါအချက်အလက်များအရ မွေးသက္ကရာဇ်မှာ ၁၅-၁၂-၁၉၈၃ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့ထင်တာကတော့
ခရီးသွာနေတယ်ပေါ့နော်။ ဒါမေ့ယ့် သူ့ဖုန်းကိုဆက်သွယ်လို့မရတာ နဲ့စိတ်ပူလို့တိုင်ကြားထားတာပါ။
အခြေအနေထူးရင် သတင်းပေးပါ့မယ်" ညှိနှိုင်းရေးမှုးဦးအောင်စိုးမင်းက News
Watch ဂျာနယ်သို့ပြောခဲ့သည်။
Mr Hasegawa Wataruပျောက်ဆုံးသည့်နေ့မှာ ၁-၇-၂၀၁၃နေ့အထိ
၎ရက်ရှိနေပြီး အဆင်အသွယ် ရရှိခြင်းလုံးဝမရှိသေးကြောင်း ဗဟန်းရဲစခန်းမှသိရသည်။
"သပ်သပ်ရပ်ရပ် ဝတ်စားထားတာဆိုတော့ သူ့နိုင်ငံပြန်ဖို့လား၊ မိန်းမကိစ္စလား ဘယိုံမှ
စုံစမ်လို့မရဖြစ်နေတယ်။ ဒါ့ကြောင့် သူ့အခန်းဖုန်းနဲ့ဆက်သွယ်ထား ခဲ့တဲ့ ဖုန်းနံပါတ်စာရင်း(Call
List)ကိုစစ်ဆေးနေတယ်" ဗဟန်းမြို့နယ် တာဝန်ကျရဲဝန်ထမ်းတစ်ဦးမှ News Watch ကိုပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသူနှင့်အတူ လက်ကိုင်ဖုန်း
၀၉-၄၅၀၀၆၀၃၉၀ နှင့် ခရီးဆောင်အိတ်တစ်လုံးပါသွား သည်ဟု သိရပါသည်။
Mr Hasegawa Wataru သည်ထိုနေ့မနက် ၅နာရီကျော်ခန့်ကပင် နေထိုင်ရာအခန်းမှထွက်သွားခဲ
Mr Hasegawa Wataruပျောက်ဆုံးသည့်နေ့မှာ
No comments:
Post a Comment