02 January, 2013

စစ်ပွဲများရပ်တန့်ရန်အတွက် ဆုတောင်းပွဲပြုလုပ်..


ရန်ကုန်၊ ဇန်န၀ါရီ ၁။
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့အစည်းများ
နှင့် ရဟန်းသံဃာတော်များက ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မီနစ်တွင် တစ်
နိုင်ငံလုံးစစ်ပွဲရပ်တန့်ရန် ရည်ရွယ်၍ ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရ
သည်။
အဆိုပါ ဆုတောင်းပွဲတွင် ငြိမ်းချမ်းရေးလိုလားသော အဖွဲ့အစည်းပေါင်း(၁၀)
ခုမှ လူဦးရေ (၁၅၀) ပါဝင်ခဲ့ကြောင်းနှင့် သံဃာတော်များလည်းပါဝင်ပူးပေါင်း
ခဲ့ကြောင်း သိရသည်။
ဆုတောင်းပွဲတွင် ယခုကဲ့သို့ စစ်ဘေးဒုက္ခခံစားနေရသော ကချင်ပြည်နယ်
မှ သွေးချင်းမောင်နှမ တိုင်းရင်းသားပြည်သူများအတွက် ၎င်းတို့အနေဖြင့်
မဖော်ပြတတ်အောင် ၀မ်းနည်းကြေကွဲရပါကြောင်းနှင့် ကူးပြောင်းလာခဲ့သော
နှစ်သစ်တွင်ကြေကွဲဖွယ်ရာစစ်ပွဲများ အဆုံးသတ်၍ စစ်ဘေးရှောင်ပြည်သူ
များ အိုးအိမ်ရပ်ရွာများသို့ အမြန်ဆုံး ဘေးကင်းလုံခြုံစွာပြန်လည်ရောက်
ရှိကြပါစေ ဟုဆုတောင်းခဲ့ကြကြောင်းနှင့် ပြည်ထောင်စုကြီး အမြန်ဆုံး
ငြိမ်းချမ်းရေးရရှိပါစေဟုလည်း ဆုတောင်းခဲ့ကြောင်း သိရသည်။

မြင့်ကျော်

No comments:

Post a Comment