22 January, 2013

ရေနုတ်မြောင်း တူးစဉ် ၉ မမ ကျည်ဆန် ၁၄ တောင့်တွေ့ ...


စမ်းချောင်းမြို့နယ် လင်းလွန်းမြောက် ရပ်ကွက်အတွင်း လမ်းခင်း ရန် ရေနုတ်မြောင်း တူးဖော်စဉ် အသုံး မပြု ရသေးသော ကျည်ဆန်အဟောင်း ၁၄ တောင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ ၂ လမ်း၊ အိမ်နံပါတ် ၁၁ ၏ ဘေး ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း ၇ ဦးက တူးဖော်ရှင်းလင်းရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ''မြန်မာဖြစ် ကျည်ဆန်တွေ၊ နောက်မှာ မြန်မာစာတန်းတွေနဲ့၊ ကျည်ဆန်ရဲ့ဖင်မှာ ၇၄ လား၊ ၇၉ လား မသိဘူးပါတယ်'' ဟု လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။
အဆိုပါ ကျည်ဆန် ၁၄ တောင့်မှာ ၉ မမ အမျိုးအစားဖြစ်ပြီး ဆက်လက်၍ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဟု စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဇော်ဇော်က ပြောသည်။ ယင်းရပ်ကွက်အတွင်း ကျည်ဆန်တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြား၍ အပ်နှံလိုက် ကြောင်း ဦးအောင်လွင်က ပြောသည်။
ဓာတ်ပုံ- ရဲနောင် 

7Day News

No comments:

Post a Comment