03 December, 2012

ဂျက်လီ တည်ထောင်ထားသော One Foundationအဖွဲ့မှ ရွှေဘိုငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြန်လည်ပြုပြင်ပေးမည်



မန္တလေး-ဒီဇင်ဘာ၃
 
မင်းသားဂျက်လီ တည်ထောင်ထားသော One Foundationအဖွဲ့မှ သပိတ်ကျင်း၊စဥ့်ကူး၊ကျောက်မြောင်းမြို့နယ်အတွင်းမှ ရွှေဘို ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းအား ရွေးချယ်၍ပြန်လည်ပြုပြင်ပေးရန်
မန္တလေး ကောင်စစ်ဝန်ရုံးနှင့်ညှိုနှိုင်းနေကြောင်းသိရသည်
ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင် အထိအခိုက်ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာ
တို့ကိုကြည့်ရှု့ရွေးချယ်သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များ
အပါအ၀င် ဘက်စုံအားကစားအဆောက်အအုံများပါဝင်ထည့်သွင်း ဆောက်လုပ်လှူဒါန်းသွားမည်ဟုသိရသည်။

NW (Popular Myanmar News Journal)

No comments:

Post a Comment