06 December, 2012

လက်ပံတောင်းတောင်စုံစမ်းမှုအရေးသတင်းစာရှင်းလင်းပွဲ တိုင်းလွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည်ပြုလုပ်..


လက်ပန်းတောင်တောင်အရေးနှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၌ ယနေ့ နေ့လည် ၁၁ နာရီမှ ၄၅ မိနစ်အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ကော်မရှင်၏စုံစမ်းမှုများကိုအခါအားလျှော်စွာ
သတင်းထုတ်ပြန်ခြင်းမှလွဲ၍ သတင်းထောက်များကို သီးခြားပြောဆိုမည် မဟုတ်ကြောင်း၊ သပိတ်စခန်းဖြိုခွင်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးပြီး အဖြေပေါ်မှသာ ထုတ်ပြန် မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
ထို့ပြင်စီမံကိန်းအား သဘောတူညီချက်စာချုပ်ဖြင့် လုပ်ဆောင်နေသည်ကို နားလည်ထားရမည် ဖြစ်ကြောင်း၊ လူတိုင်း တရားဥပဒေ၏ အကျိုးခံစား
ပိုင်ခွင့် ရှိကြောင်းကို တည်ဆောက်နေသဖြင့် တရားဥပဒေအတိုင်း
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထား၍ နားလည်မှုနှင့် အားလုံးအဆင်ပြေ အောင်လည်းလုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို
ပြောကြားခဲ့သည်။
"အချက်တွေဖြုတ်ပယ်တာ မဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။
ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကို တိတိကျကျ
ဆောင်ရွက်နေပါတယ်"ဟုဒေါ်အောင်ဆန်းစုကြည်ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ပြင်ပပညာရှင်များနှင့်သာ ဆွေးနွေးတိုင်ပင် သွားမည်ဖြစ်ပြီး၊ အစိုးရနှင့်ပတ်သက်သောပညာရှင်များနှင့်ဆွေးနွေးသွားမည်မဟုတ်ကြောင်းကိုလည်း သိရသည်။
"အစိုးရရဲ့ပညာရှင်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်ဆိုရင် မေးခွန်း
ထုတ်စရာတွေ ပေါ်လာနိုင်တယ်"ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ထို့အပြင် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးက
ကျေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာ တွင်လုပ်ပိုင်ခွင့်များနှင့်
ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
"စုံစမ်းရေးမှာ ဘယ်တော့မှ အားလုံးကျေနပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့ မြင်ရင်မြင်တဲ့အတိုင်း အဖြေကို တင်ပြသွားမှာပါ။ မကျေနပ်တဲ့
သူကလဲရှိမယ်၊ ကျေနပ်တဲ့သူကလဲရှိမယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များ၏ မေးမြန်းမှုအားပြန်လည်ဖြေဆိုသည်။


မြစ်မခ

No comments:

Post a Comment