08 December, 2012

ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော် ...

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီးရဟန်းသံဃာတော်တွေအပါဝင် အင်အား (၁၅၀) ကျော်ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။



ဆန္ဒပြသူတွေဟာ ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးမှာ စုဝေးခဲ့ပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေဘုရားအထိချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကနေ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့ သံဃာတော်တွေအတွက်
နိုင်ငံတော် သမ္မတအနေနဲ့ ပွင့်လင်းမြင်သာစွာ ဝန်ချတောင်းပန်ရေး၊ လက်ပံတောင်းတောင်အရေးနဲ့ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဟန်းရှင်လူတွေကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို ဖော်ထုတ် အရေးယူဆောင်ရွက်ပေးရန် အပါဝင် အချက်(၅)ချက်ပါ ကြေငြာချက်ကို ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ရဟန်းသံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
(ဗကသ)မှ ခေါင်းဆောင်တွေလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။


No comments:

Post a Comment