ဘုရားဆင်းတုတော် ထုလုပ်ရာမှ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော်ပုံသဏ္ဍာန် တည်ရှိကြောင်း ဖူးမြှော်တွေ့ရှိရ ..
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေမှာရှိတဲ့
သစ္စ ဝေဒဂူ မိုးကုတ်ဝိပဿနာ ရိပ်သာမှာ ကိုးကွယ်ပူဇော်ထားပါသည်။ ကုက္ကိုလ်သားနှင့် ထုဆစ်ထားပြီးဦးခေါင်းတော်တွင်ဦးနှောက်သဏ္ဍာန်ဖြစ်ပေါ်နေသည့်အတွက်
အများပြည်သူ ဖူးမျှော်နိုင်စေရန် လှစ်ဟကာ ပြထားခြင်းဖြစ်သည်ဟု သိရှိရပါသည်။
ထိုသို့ ဥိးခေါင်းတော်အား ဖွင့်လှစ်ထားခြင်းကို အချို့သော
ဗုဒ္ဓဘာသာဝင်များနေဖြင့် သဘောကျနှစ်သက်ခြင်း မရှိဟု သိရှိရပါသည်။ ကြည်ညိုဖွယ်ရာဖြစ်သော
မြတ်စွာဘုရားလျောင်းတော်မူ ရုပ်ပွားတော်အား ယခုကဲ့သို့ ပုံစံသစ်ဖြင့် ထွင်းထုပြီး ပူဇော်ထားသည်ကို
ဆရာတော်အချို့မှ နောင်တွင် ပုံစံသစ်များ ထွင်၍ ပြုလုပ်ကိုးကွယ်လာကြမည်ကို စိုးရိမ်မိကြောင်း
ပြောကြားပါသည်။
source:http://mandalaygazette.com/
No comments:
Post a Comment