07 December, 2012

ဒဂုံစင်တာကားပါကင်ရှိဓါတ်တိုင်များ လျှပ်စစ်စီးနေမှုသတိပြုသင့် ...


စမ်းချောင်းမြို့နယ်၊မြေနီကုန်း ဒဂုံစင်တာ ရှေ့မျက်နှာစာ ကား ပါကင်တွင်တည်ရှိသော ဓာတ် တိုင်တစ်ခုတွင် လျှပ်စစ်များစီးနေ ပြီး ယခုကဲ့သို့ ဖြစ်မှုများကို မသိ ရှိပဲ သွားရောက်ကိုင်တွယ်မိပါက အန္တရာယ်ရှိနိုင်ကြောင်းနှင့်အန္တ ရာယ်ကင်းအောင်လုပ်ဆောင်သင့် ကြောင်း Hot News သတင်း ထောက် ကိုသဲကြီးမှ သူ့ကိုယ်တွေ့ကြုံပုံ များကို ပြောပြခဲ့သည်။
““ဒီဇင်ဘာ (၄)ရက်ညက ဒဂုံစင်တာကားပါကင်နားမှာ ခဏ ထိုင်နေတုန်းမှာ ရုတ်တရက်ဓာတ် တိုင်ကို ကိုင်လိုက်မိတယ်။တော် သေးတာက လက်နှစ်ဖက်လုံးနဲ့ မကိုင်မိလိုက်လို့ပေါ့၊နောက်မို့ဆို သေတောင်သေသွားမလားမသိ ဘူး။ နားထင်ထိကို လျှပ်စီးကြောင်း က ရောက်လာတာ လုံခြုံရေးတွေ ကိုမေးတော့ အဲ့ဓာတ်တိုင်က လျှပ်စစ်စီးနေတာကြာပြီလို့ပြော တယ်””ဟု ကိုယ်တိုင်ဓာတ်လိုက်မှု ကို ကြုံတွေ့ခဲ့ရကြောင်းပြောပြခဲ့ သည်။
မျက်မြင်သက်သေများဖြစ် သော နေမင်းညို၊တူးတူးတို့မှလဲ ““ကျွန်တော်တို့နှစ်ယောက်က ကိုသဲကြီး ဘေးနားမှာ ထိုင်နေတာ ရုတ်တရက် ကျွန်တော်တို့(၂) ယောက် စကားပြောနေတုန်း ““ဖျက်ဖျက်””ဆိုပြီး လျှပ်စစ်စီးတဲ့ အသံအကျယ်ကြီးကြားရပြီးမှ သူ က ဓာတ်လိုက်တယ်ဟဆိုပြီး ပြော မှ သိရတာ အသံက တော်တော် ကျယ်တယ်။ဒါက တကယ်လို့ မသိတဲ့လူက သွားကိုင်မိရင် အန္တ ရာယ်ရှိနိုင်ပါတယ်။ အကာအကွယ် ဖြစ်ဖြစ် ဒါမှမဟုတ် သတိပေးစာ ဖြစ်ဖြစ် ကပ်ထားသင့်ပါတယ်””ဟု ပြောပြခဲ့သည်။
ဒဂုံစင်တာ လုံခြုံရေးများသို့ မေးမြန်းကြည့်ရာတွင်လည်း ယခု ကဲ့သို့ ဖြစ်နေသည်မှာ ကြာပြီဖြစ် ကြောင်း ပြောပြခဲ့သည်။

No comments:

Post a Comment