08 December, 2012

စစ်တွေမြို့တွင် တူရကီ နိုင်ငံသား (၄)ဦး ပျောက်ဆုံးနေ ...


လွန်ခဲ့သော ဒီဇင်ဘာလ (၃)ရက်နေ့က စစ်တွေမြို့နယ်တွင် အလည်
အပတ်ဗီဇာနဲ့ ရောက်ရှိနေသောတူရကီ နိုင်ငံခြား သား ၄ ဦး ပျောက်
ဆုံးနေကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ ပျောက်ဆုံးနေသူ ၄ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပဲ အာဏာပိုင်များကလည်း လျှို့ဝှက်စုံစမ်း နေကြောင်း သိရှိရသည်။ သက်ဆိုင်ရာ အာဏာပိုင်များမှ ယင်းကိစ္စကို စစ်တွေမြို့ပေါ် (၃၂)ရပ်ကွက်မှ ဥက္ကဌများကို ခေါ်ပြီး လျှို့ဝှက်အစည်းအဝေးလုပ်ခဲ့ကြောင်း သိရှိရသည်။
၎င်း တူရကီ ၄ ဦးသည် ကုလားများကို ထောက်ပံ့ရန် ရောက်လာခြင်းဖြစ်နိုင်ပြီး ကယ်ဆယ်ရေးလာပေးခြင်းသည် လုံးဝမဖြစ်နိုင်ကြောင်းကို ဒေသခံတစ်ဦးက " သူတို့ ၄ ယောက်က NGO အဖွဲ့အစည်းက ဖြစ်ပြီးတော့ အလည်အပတ်ဗီဇာနဲ့လာတာဖြစ်နိုင်ပါတယ်။
အခု ပျောက်နေတာ ၄ ရက်လောက် ရှိပါပြီ။ အရင်တုန်းကလာတဲ့ နိုင်ငံခြားသားတွေကလည်း သူတို့လည်း ကုလားလူမျိုးတွေပါပဲ။ သူတို့ ရောက်စတုန်းကလည်း ဒီလိုပဲ ဟိုတယ်မှာ တည်းခိုဟန်ဆောင်ပြီးတော့ နောက်တစ်နေ့ရောက်တော့ ကုလားတွေရဲ့ အင်ဗာလာ(အောင်မင်္ဂလာ ရပ်ကွက်)ထဲမှာ ဝင်ပြီးအိပ်ပါတယ်။
အာဏာပိုင်တွေက ဘာမှမပြောရဲပါဘူး။ တကယ်ဆိုရင် ဥပဒေအရဆိုရင် သူတို့က ကိုယ်တို့တည်းခိုင်းတဲ့ နေရာမှာပဲ တည်းရမှာပေါ့နော်။ ကျွန်တော်ထင်တာက သူတို့က OIC မဝင်ရဘူးဆိုတော့ တခြားနည်းလမ်းနဲ့ အကြမ်းဖက်မှုကို ဖန်တီးဖို့ လာတာလည်း ဖြစ်နိုင်ပါတယ်။
အကြမ်းဖက်မှု ဖြစ်အောင် လုပ်တဲ့အထဲမှာ သူတို့လည်းပါမယ်လို့ ထင်ပါတယ်။ ကုလားတွေကို ထောက်ပံ့ပေးဖို့လာတာ ဖြစ်နိုင်ပါတယ်။
ကယ်ဆယ်ရေးလာလုပ်တာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ သူတို့က ကုလားရွာ (၄)ရွာဖြစ်တဲ့ဘုမေရွာ၊သဲချောင်းရွာ၊သက်ကယ်ပြင်ကျေးရွာနှင့်အင်ဗာလာ
ရွာထဲက တစ်ရွာရွာမှာ ရှိနေနိုင်ပါတယ်။
ရဲတွေနဲ့ အာဏာပိုင်တွေကလည်း ဒီကိစ္စနဲ့ဘာသတင်းမှ မထုတ်ပြန်ပါဘူး။ လျှို့လျှို့ ဝှက်ဝှက် စုံစမ်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ပျောက်သွား တယ်လို့ပဲ ပြောပြီးတော့ ဘယ်သူတွေဆိုတာကိုတော့ အတိအကျ မပြောပါဘူး။
နိုင်ငံခြားသားတွေ ဒီလိုဝင်ချင်တိုင်းဝင် ထွက်ချင် တိုင်းထွက်နေတာကို အာဏာပိုင်တွေကဘာမှမပြောကြပါဘူး၊ ဘာသာစကား နားမလည်တာလဲ ဖြစ်နိုင်သလို နိုင်ငံခြားသားတွေကို ကြောက်လို့ မပြောရဲတာလို့လည်း ကျွန်တော်ထင်ပါတယ်။ " ဟု ပြောသည်။
လွန်ခဲ့သော အောက်တိုဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံအတွင်း OIC ရုံးစိုက်မည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင် ငံတစ်ဝန်း ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၆ ရက်နေ့တွင် သမ္မတကြီးက အိုအိုင်စီရုံးဖွင့်ခွင့်မပေးတော့ကြောင်းကြေညာလိုက်ပြီးနောက် သမ္မတကြီးကို ထောက်ခံတဲ့ ဆန္ဒပြပွဲများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် အရေးအခင်းဖြစ်ပွားခဲ့ပြီးနောက် မည်သည့်နိုင်ငံခြားသားများကိုမှ ရခိုင်ပြည်နယ်သို့ လည်ပတ် သွားလာခွင့် မပြုကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း NGO အဖွဲ့အစည်းများမှ တူရကီ နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေပြီး ကုလားများနှင့် အဆက်အသွယ်လုပ်နေခြင်းကို သက်ဆိုင်ရာများမှ တစ်စုံတစ်ရာ အလေးထားစောင့်ကြည့်မှုများ မရှိကြောင်း သိရသည်။
ယခုကဲ့သို့ တူရကီနိုင်ငံခြားသားများ ဝင်ထွက်သွားလာနေခြင်းသည် အကြမ်းဖက်မှုများဖြစ်လာအောင် ထောက်ပံ့ရန်နှင့် လှုံ့ဆော်ရန် ရောက်လာခြင်းဖြစ်နိုင်ပြီး အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။


Arakan Times သတင်းဌာန

No comments:

Post a Comment