ရန်ကုန်၊
ဒီဇင်ဘာ ၂၇
ရန်ကုန် မြို့တော်တွင် ပြန်လည် ကျင်းပမည့် ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနား ကြည့်ရှု နိုင်ရန် လက်မှတ် များကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် စတင် ရောင်းချလျက် ရှိကြောင်း ယင်းလက်မှတ် ရောင်းချ သည့် နေရာများ ထံမှ စုံစမ်း သိရှိ ရသည်။
ကျပ်တစ်သောင်းမှ ကျပ် နှစ်သောင်းတန် လက်မှတ် များကို ရှေ့ဆောင် ရုပ်ရှင်ရုံ၊ Junction Square ၊ သုဝဏ္ဏ အားကစားရုံ (၁)၊ တော်ဝင် စင်တာ စသည့် နေရာများတွင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကြေညာချက်တွင် ဖော်ပြ ထားသည်။
၂ဝ၁၁ ခုနှစ် အတွက် အကယ်ဒမီ ရွှေစင် ရုပ် ဆုပေးပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁) တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ထံမှ သိရသည်။

The Voice
Weekly
No comments:
Post a Comment