(ပျောက်ဆုံးသူနှင့် ဆိုင်ကယ်ပေါ်မှာ သေဆုံးသူ Air Bagan ထုတ်ပြန်ချက်)
ဟဲဟိုးမတော်တဆမှုတွင်
ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide)
ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။
ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း
ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။
အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ
ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက်
ရှိပါသည်။
ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉
ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏
ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များကိုလည်း
ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။
အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်သော
တာဝန်ယူမှုအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း
အသိပေးကြေငြာအပ်ပါသည်။
No comments:
Post a Comment